နမ့်ဆန်မြို့နယ်တွင် အောက်ဆီဂျင်များအား အခမဲ့ဆက်လက်ဖြန့်ချီပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့နယ်တွင် အောက်ဆီဂျင်များအား အခမဲ့ဆက်လက်ဖြန့်ချီပေး



MNP   -   မတ်   ၃

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြည်သူ့ဆေးရုံးတွင် အတွင်းလူနာများအတွက် ထုတ်ပေးသည့်အပြင် ရပ်ကွက်ကျေးရွာများရှိ ပြည်သူများကျန်းမာရေးအတွက်လိုအပ်သော အောက်ဆီဂျင်များကို မြို့နယ်( Namhsan Oxygen) ပရဟိတလူငယ်များမှတဆင့် ၂၀၂၁ ခုနှစ် စက်တင်ပါလမှစတင်၍ မြို့နယ် Oxygen Plant ကြီးကြပ်ရေးကော်မတီက မြို့နယ်ပြည်သူ့ဆေးရုံဝန်းရှိ Oxygen Plant စက်ရုံမှထုတ်လုပ်ပြီး အခမဲ့ဖြန့်ချီပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ၁၀ လီတာ ၅ လုံး၊၁၅ လီတာ ၂၈ လုံး၊ ၄၀ လီတာ ၁၁၇လုံး၊ စုစုပေါင်း ၁၅၀ လုံးထုတ်လုပ်ပြီး၊ ၁၀လီတာအိုး ၇လုံး၊ ၁၅ လီတာအိုး ၁၅လုံးနှင့်၄၀လီတာအိုး ၇၉လုံး၊ စုစုပေါင်း ၁၀၁ လုံးအား အခမဲ့ဖြန့်ချီပေးခဲ့ကြောင်း သိရသည်။


၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ထုတ်လုပ်မှုအရေအတွက်မှာ ၆၇၉လုံးဖြစ်ပြီး ဖြန့်ချီမှုအရေအတွက်မှာ ၆၀၀ လုံးဖြစ်ကြောင်း၊ ၂၀၂၂  ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ထုတ်လုပ်မှုအရေအတွက်မှာ ၁၁၀၈ လုံး၊ ၂၀၂၃ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ ထုတ်လုပ်မှုအရေအတွက်မှာ ၈၈ လုံးဖြစ်ပြီး ဖြန့်ချီမှုအရေအတွက်မှာ ၁၀၁ လုံး၊ ၂၀၂၁ခုနှစ် စက်တင်ဘာလမှစ၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ထုတ်လုပ်မှုစုစုပေါင်း ၂၀၄၄ လုံးဖြစ်ပြီး ဖြန့်ချီမှုအရေအတွက်မှာ ၁၈၈၈ လုံးဖြစ်ကြောင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှရွှေထံမှ သိရှိရသည်။


ထို့အတူ နမ့်ဆန်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ပြည်သူလူထုများ ကျန်းမာရေးဆက်လက်စောက်ရှောက်မှုတွင် Oxygen များလိုအပ်ပါက အသုံးပြုနိုင်ရန်အတွက် Oxygen အသင့်ဖြည့်သွင်းပြီး စလင်ဒါအိုး ၁၀လီတာအိုး ၅၇လုံး စုစုပေါင်း ၁၅၇ လုံး သိုလှောင်ထားရှိကြောင်း ထုတ်လုပ်မှုတာဝန်ခံထံမှ သိရရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)