ကျောက်ဖြူမြို့၌ မုန်တိုင်းဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်နိုင်ရန် မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ မုန်တိုင်းဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်နိုင်ရန် မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်






MNP ၊ မတ်  ၁၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မုန်တိုင်းဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်မှုများပြုလုပ်နိုင်ရန်အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များပူးပေါင်း၍ မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်းက ပြင်ဖြူမော်ရပ်ကွက်ရှိ ဒိန်းမတ်နိုင်ငံမှ ဆောက်လုပ်လှူဒါန်း ထားသည့်အဆောက်အဦ၌ ပြုလုပ်ဆောင်ရွက်သည်


ဦးစွာ မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ရန်ရောက်ရှိလာသည့် ပြင်ဖြူမော် ရပ်ကွက်နေပြည်သူများကို   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မုန်တိုင်းအန္တရာယ် ကာကွယ်ရေး နှင့်ပတ်သက်၍လည်းကောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မုန်တိုင်းအန္တရာယ်ကြို တင်သတိပေးချက်များနှင့် ပတ်သက်၍လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်တိုင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအားလည်းကောင်း ရှင်းလင်းဟော ပြောသည်။ 


ထို့နောက် မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုများကို ဆက်လက်ပြုလုပ်ရာ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့က မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ပြီး၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များက မုန်တိုင်းဘေးသတိပေး ချက် ထုတ်ပြန်ကြေညာပြီး မုန်တိုင်းသတိပေးချက်အရ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် များက ဒေသခံများအား‌ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်း၊ စားနပ်ရိက္ခာများဝေငှခြင်း၊ ပြန်လည်နေရာ ချထားခြင်းတို့ကို သဏ္ဍာန်တူလေ့ကျင့်ခဲ့သည်။ ထို့အပြင် ပြင်ဖြူမော်ချောင်းထဲတွင် ရေနစ်မြုပ်နေသူ အားကယ်ဆယ်ခြင်း၊ သစ်ပင်ပိမိနေသူအားရှာဖွေကယ်ထုတ်ခြင်း၊ ရှေးဦးသူနာပြုစုခြင်း၊ အရေးပေါ်ယာဉ် ဖြင့် သယ်ဆောင်ခြင်းစသည့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)