MNP ၊ မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု ပဒက်ကျေးရွာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားအခြေခံ ဘောလီဘောသင်တန်းဆင်းပွဲကို မတ်လ ၂၅ ရက်နေ့က ကျင်းပသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် အိမ်မဲမြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦး ကသင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာအားဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုး၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ အားကစားပစ္စည်းများကို အသီးသီး ထောက်ပံ့ပေးခဲ့ကြသည်။
ဘောလီဘောအခြေခံသင်တန်းကို ပဒက်ကျေးရွာတွင် မတ်လ ၆ ရက်နေ့မှ မတ်လ ၂၅ ရက်နေ့အထိ သင်ကြားပေးပြီး သင်တန်းသား (၃၀)ဦးရှိကာ နံနက် (၇)နာရီမှ (၉)နာရီထိ တစ်ကြိမ်၊ ညနေ(၄) နာရီမှ (၅)နာရီခွဲထိတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်ခွဲ၍ သင်ကြားပေးကြောင်းသိရသည်။
ချစ်သက်လယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment