ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပ



MNP ၊ မတ် ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ နေ့လယ်(၁၂)နာရီအချိန်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၂)ရပ်ကွက်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်၊ ဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်လျက်ရှိပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကြီးကြပ်ရေး ဉက္ကဋ္ဌ ဆရာတော်ဘဒ္ဓန္တဝဏ္ဏီဿရသီရိ ကြီးကြပ်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ပရိယတ္တိသာသနာထွန်းကား ပျံပွားစေရန်ရည်ရွယ်၍ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် မတ်လ(၂၈) ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ (၇)ရက်တာ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ 


ပထမကြီး တန်းစာမေးပွဲတွင် ဖြေဆိုရန်စာရင်းပေးသွင်းသည့် သံဃာ (၆၉)ပါးနှင့် သီလရှင်(၈)ပါး၊ ပထမလတ်တန်းစာမေးပွဲ တွင်ဖြေဆိုရန်စာရင်းပေးသွင်းသည့် သံဃာ(၆၀)ပါးနှင့် သီလရှင်(၅)ပါး၊ ပထမငယ်တန်းစာမေးပွဲတွင်ဖြေဆိုရန် စာရင်းပေးသွင်းသည့် သံဃာ(၉၈)ပါး၊ သီလရှင်(၉)ပါးနှင့် အခြေပြုမူလတန်းစာမေးပွဲတွင် ဖြေဆိုရန် စာရင်းပေးသွင်း သည့် သံဃာ(၁၀၁)ပါးနှင့် သီလရှင်(၂၃)ပါး စုစုပေါင်းဝင်ရောက်ဖြေဆိုရန်စာရင်းပေးသွင်းသည့် သံဃာ(၃၂၈)ပါး၊ သီလရှင်(၄၅)ပါးနှင့် ပထမကြီးတန်းတွင် ဝင်ရောက် ဖြေဆိုခဲ့ကြသည့် သံဃာ(၆၄)ပါးနှင့်သီလရှင်(၅)ပါး၊ ပထမလတ်တန်းတွင် ဝင်ရောက်ဖြေဆိုခဲ့ကြသည့် သံဃာ (၄၉)ပါးနှင့်သီလရှင်(၄)ပါး၊ ပထမငယ် တန်းတွင် ဝင်ရောက်ဖြေဆိုခဲ့ကြသည့် သံဃာ (၇၇)ပါးနှင့် သီလရှင်(၉)ပါး၊ အခြေပြုမူလတန်းတွင် ဝင်ရောက်ဖြေဆိုခဲ့ကြသည့် သံဃာ(၆၉)ပါးနှင့် သီလရှင်(၂၁)ပါး စုစုပေါင်း ဝင်ရောက်ဖြေဆိုခဲ့ကြသည့် သံဃာ (၂၅၉)ပါးနှင့် သီလရှင်(၄၀)ပါး ရှိကြောင်း သိရသည်။


စာဖြေသံဃာတော်များ အဆင်ပြေချော့မွေ့စွာ ဖြေဆိုနိုင်ရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊ အမှတ်(၄၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊  မြို့နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များမှ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြ‌ကြောင်း သတင်းရရှိသည်။


မြင့်မြင့်ရီ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)