(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံ အထူးကြပ်မတ်ကုသဆောင်သစ်နှင့် စက်မှုစိုက်ပျိုးနှင့် မွေးမြူရေး တွဲဖက်အထက်တန်းကျောင်းဆောင်သစ်တို့အား မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံ အထူးကြပ်မတ်ကုသဆောင်သစ်နှင့် စက်မှုစိုက်ပျိုးနှင့် မွေးမြူရေး တွဲဖက်အထက်တန်းကျောင်းဆောင်သစ်တို့အား မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်




MNP ၊ မတ် ၂၇

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်ပြည်သူ့ဆေးရုံ၏ နှစ်ထပ်အထူးကြပ်မတ်ကုသဆောင်သစ်နှင့် အထက(၁)သထုံ ကျောင်းဝန်းအတွင်းရှိ စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေး တွဲဖက်အထက်တန်းကျောင်းဆောင်သစ်တို့ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းကကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဝန်ကြီးများ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ခဲ့ကြသည်။


ရှေးဦးစွာ ခရိုင်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ နှစ်ထပ်အထူးကြပ်မတ်ကုသဆောင်ဖွင့်ပွဲအား ကျင်းရာ ကုသဆောင်သစ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမြတ်သွင်နှင့် ခရိုင်ဆေးရုံအုပ် ဒေါက်တာကျော်ဝင်းဇော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် အဆင့်အတန်းမီ၍ လုံခြုံစိတ်ချရသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူများရရှိစေရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွက် အဆင်ပြေချောမွေ့စေရေး ယခုကဲ့သို့ စံချိန်စံညွှန်းပြည့်မီသော အဆောက်အဦများကို တိုးချဲ့ဆောက်လုပ်ပေးနေပါကြောင်း၊ မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့ရှိ ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီးကို ကုတင်(၅၀၀)ဆံ့ အထူးကုဆေးရုံအဖြစ် မြှင့်တင်ခြင်း၊ ကုတင်(၂၀၀)ဆံ့အမျိုးသမီးနှင့် ကလေးဆေးရုံ(၁)ရုံ၊ သထုံမြို့နှင့် ရေးမြို့တို့၌ ကုတင်(၁၀၀)ဆံ့ဆေးရုံ တစ်ရုံစီ၊ ကုတင်(၅၀)ဆံ့ ဆေးရုံ(၅)ရုံ၊ (၂၅)ကုတင်ဆံ့ဆေးရုံ(၂)ရုံ၊ တိုက်နယ်ဆေးရုံ(၂၉)ရုံနှင့် တက္ကသိုလ်ဆေးရုံတစ်ရုံ ဖွင့်လှစ်ထားကာ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း၊ ဝေးလံခက်ခဲ ဒေသများတွင်လည်း ဆရာဝန်၊ ဆရာမများခန့်ထားကာ ကျေးလက်ကျန်းမာရေးဌာနများတိုးချဲ့ဖွင့်လှစ်ပြီး ဆောင်ရွက်လျှက်ရှိရာ ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း အမှာစကားပြောကြားသည်။


ယင်းနောက် အထူးကြပ်မတ်ကုသဆောင် ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ “ရွှေဝင်းမော်" ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူက ရှင်းလင်းပြောကြားပြီး အထူးကြပ်မတ်ကုသဆောင်အား လွှဲပြောင်းပေးအပ်ရာ ခရိုင်ဆေးရုံအုပ် ဒေါက်တာ ကျော်ဝင်းဇော်က လက်ခံရယူခဲ့သည်။


အဆိုပါအထူးကြပ်မတ်ကုသဆောင်မှာ (၅၀၀၀)စတုရန်းပေရှိ RCC နှစ်ထပ် အဆောက်အဦဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ်(၂၇၀)သန်းဖြင့် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လိပ်အင်းရပ်ကွက်၊ အထက(၁)သထုံ ကျောင်းဝန်းအတွင်းရှိ စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေး တွဲဖက်အထက်တန်းကျောင်းဆောင်သစ်သို့ ရောက်ရှိပြီး ရှေးဦးစွာ ကျောင်းဆောင်သစ်အား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်လူမှုရေးဝန်ကြီးဦးမြတ်သွင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ယခုဖွင့်လှစ်သည့်ကျောင်းသည် အခြေခံပညာရေးကဏ္ဍ၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာပညာရပ်များ သင်ယူမှုအခွင့်အလမ်းများတိုးမြှင့် ရရှိမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း သထုံခရိုင်နှင့် ရေးခရိုင်တို့၌ ဖွင့်လှစ်မည်ဖြစ်ပြီး သထုံခရိုင်အတွက် ယခု အထက(၁)ကျောင်းအား ရွေးချယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလိုဖွင့်လှစ်နိုင်ခြင်းကြောင့် ဒေသအတွင်းရှိ Grade-9 အောင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထက်တန်းဆင့်၊ စက်မှုနည်းပညာ၊ စိုက်ပျိုးရေးပညာ၊ မွေးမြူရေးပညာ လမ်းသွယ်(၄)ခုအနက် မိမိစိတ်ကြိုက်တက်လှမ်းလိုသည့် ပညာသင်ယူခွင့်လမ်းကို ရွေးချယ်နိုင်တော့မည်ဖြစ်ရာ မိမိဝါသနာပါရာကို ရွေးချယ်တက်ရောက်ဖို့ တိုက်တွန်းလို‌ပါကြောင်း အမှာစကားပြောကြားသည်။


ထို့နောက် ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ "ငွေဗိမ္မာန်" ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူက ရှင်းလင်း ပြောကြားပြီး ကျောင်းဆောင်သစ်အား သထုံပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ရာ ခရိုင်ပညာရေးမှူး ဦးခဲမိုင်းမှ လက်ခံရယူခဲ့သည်။


အဆိုပါစက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေး တွဲဖက်အထက်တန်းကျောင်းဆောင်သစ်မှာ အလျှား ၁၁၈ ပေ၊ အနံ ၉၆ ပေရှိ RCC တစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ၄၅၁.၇၉၃ သန်းဖြင့် ဇန်နဝါရီလ(၁)ရက်နေ့မှ စတင်ကာ မတ်လ(၂၀)ရက်နေ့အထိ ဆောက်လုပ်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)