ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ အဘိဓမ္မတ္ထသင်္ဂဟ ဘာသာရပ်အား ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ အဘိဓမ္မတ္ထသင်္ဂဟ ဘာသာရပ်အား ဆက်လက်ဖြေဆို




MNP ၊ မတ် ၃၀

  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနက ကြီးမှူးကျင်းပသော ၂၀၂၃ ခု၊ အစိုးရ ပဠိပထမပြန်စာမေးပွဲကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်ဘုရားသိမ်တော်၌ ယနေ့၊ နေ့လယ်(၁၂)နာရီကစ၍ အဘိဓမ္မတ္ထသင်္ဂဟဘာသာရပ်အား ရဟန်း၊ သာမဏေ ၁၇ ပါးတို့က စိတ်အေးချမ်းသာစွာဖြင့် ဆက်လက်ဖြေဆိုလျက်ရှိသည်။


    အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုခွင့်စာရင်းရှိ ရဟန်း၊ သာမဏေ ၂၀ ပါးအနက်၊ အခြေပြုမူလတန်းတွင် စာရင်းရှိ ၁ ပါးနှင့်ပထမအလတ်တန်းတွင် စာရင်းရှိ ၂ ပါး ဖြေဆိုမှု ပျက်ကွက်ခဲ့ပြီး၊ ပထမ အကြီးတန်းတွင် ၆ ပါး၊ ပထမအငယ်တန်းတွင် ၁၁ ပါးတို့က ယနေ့၊ အဘိဓမ္မတ္ထသင်္ဂဟဘာသာရပ်ကို ဆက်လက်ဖြေဆိုခဲ့ကြသည်။


  အဆိုပါစာမေးပွဲတွင် စာဖြေ ရဟန်း၊ သာမဏေများ စိတ်အေးချမ်းသာစွာဝင်ရောက် ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာတာဝန်ရှိသူတို့က စာမေးပွဲ ကြီးကြပ်ရေးဆရာတော်ကြီးများနှင့်စာဖြေ ရဟန်း၊ သာမဏေများကို နဝကမ္မဝတ္ထုများနှင့် အားဖြည့်အချိုရည်များ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)