မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မုဒုံမြို့နယ်အတွင်း နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရာတွင်ပါဝင်သော လယ်ယာမြေများအတွက် မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး၊ အဆောက်အဦ တန်ဖိုးလျော်ကြေး ပေးအပ်ခြင်းအပေါ် ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မုဒုံမြို့နယ်အတွင်း နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရာတွင်ပါဝင်သော လယ်ယာမြေများအတွက် မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး၊ အဆောက်အဦ တန်ဖိုးလျော်ကြေး ပေးအပ်ခြင်းအပေါ် ကြည့်ရှုအားပေး


MNP ၊ မတ် ၃

၂၀၂၃ ခုနှစ် (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့၊ ရာမညအားကစားကွင်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၃ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ အရှေ့တောင်တိုင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။


အခမ်းအနားတွင် ရာမညအားကစားကွင်းအား ပြည်နယ်ဝန်ကြီးချုပ်၊တိုင်းမှူး ပြည်နယ်ဝန်ကြီးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ခဲ့ပြီး  အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ပြီး ရာမညအားကစားကွင်း ကဗ္ဗည်းမော်ကွန်းအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အမွေးနံ့သာများဖြင့် ပတ်ဖြန်းခဲ့ကြသည်။


ထို့နောက် ၂၀၂၃ခုနှစ်၊ မွန်ပြည်နယ် (၁၀)မြို့နယ်(၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ  ဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။ ယင်းနောက်  ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားအဓိဌာန်(၄)ချက် ရွတ်ဆိုခဲ့ကြသည်။


၎င်းနောက် အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း (မော်လမြိုင်)၊ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်း (မော်လမြိုင်)တို့မှ ဘင်ခရာအဖွဲ့၊ ကျောင်းသား/ သူများက ပန်းပွားအကဖြင့် လည်းကောင်း၊ မွန်တိုင်းရင်းသားအဖွဲ့ က တိုင်းရင်းသား အကများဖြင့် လည်းကောင်း၊ မြန်မာသိုင်းအဖွဲ့မှ သိုင်းသရုပ်ပြဖြင့် လည်းကောင်း၊ Physical Fitness Dance အကအဖွဲ့မှ အကများဖြင့် လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက် ခဲ့ကြမှုအပေါ် ကြည့်ရှု့အားပေးခဲ့ကာ ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။


ဆက်လက်၍ မီတာ(၁၀၀)နှင့် မီတာ(၄၀၀)အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အားကစားနည်းအလိုက် ပြိုင်ပွဲဝင် အားကစားသမားများ၏ ဝင်ရောက်ယှဉ်ပြိုင်ပွဲနေမှုအပေါ် ကြည့်ရှု့အားပေးခဲ့ကြပြီး ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊တတိယ ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မုဒုံမြို့၊ ရွှေဟင်္သာခန်းမသို့ ရောက်ရှိလာ ခဲ့ပြီး  မုဒုံမြို့နယ်အတွင်း  နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရာတွင်ပါဝင်သော လယ်ယာမြေများအတွက် မြေယာလျော်ကြေး၊ သီးနှံလျော် ကြေး၊ အဆောက်အဦ တန်ဖိုးလျော်ကြေးပေးအပ်ခြင်းအပေါ် ကြည့်ရှုအားပေးခဲ့သည်။


ထို့နောက် ဝန်ကြီးချုပ်က လယ်ယာမြေလျော်ကြေး ရရှိသည့် တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မြေနေရာလျှော်ကြေးများ တွက်  သတ်မှတ်ကာလ ဘဏ္ဍာရေးနှစ်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ကြရန် လေဆိပ်စီမံကိန်း ဧရိယာ အတွင်း မြေနေရာများအပေါ် မြေအမျိုးအစားအလိုက် အသုံးပြုသည့် အခြေအနေများပေါ်မူတည်၍ မြေယာလျှော်ကြေး ပေးချေရာတွင် မှန်ကန်တိကျမှုရှိစေရေး ဆောင်ရွက်ကြရန် ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)