MNP - မတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူသည် ယမန်နေ့ နံနက်ပိုင်းက ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း ဟိုင်းကြီး၊ အခြေခံပညာအထက်တန်းကျောင်း မကျည်းပင်၊ အခြေခံပညာ အထက်တန်းကျောင်း သင်္ကန်ကုန်းနှင့် အခြေခံပညာအထက်တန်းကျောင်း ငရုတ်ကောင်းတို့ရှိ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား သွားရောက်တွေ့ဆုံပြီး အားပေးစကားများ ပြောကြားခဲ့သည်။
ထို့သို့ တွေ့ဆုံ အားပေးစကားများ ပြောကြားရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ကျောင်းသား၊ ကျောင်းသူများအား ယခုနှစ်သည် တက္ကသိုလ်ဝင်စာမေးပွဲ စနစ်ဟောင်း နောက်ဆုံးနှစ်ဖြစ်၍ ၁၀၀ ရာခိုင်နှုန်းပြည့် အောင်မြင်ရန် လိုအပ်ကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲအောင်ရန် အောင်စိတ်မွေး ကြိုးစားရမှာဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စာမေးပွဲဖြေဆိုသူ အများဆုံးဖြစ်သလို အောင်ချက်အများဆုံး တိုင်းဒေသကြီးလည်းဖြစ်ကြောင်း၊ စာမေးပွဲ ဖြေမည်ဆိုပါက အောင်ရမည့်စိတ် ရှိရမည်ဖြစ်ကြောင်း၊ မိဘများအနေဖြင့်လည်း ယခုတစ်နှစ်ကို ကလေးတွေ စာမေးပွဲဖြေဆိုရန် အခွင့်အရေးပေးစေလိုကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှ သွားလိုသည့်လမ်းကြောင်းကို ရှေ့ဆက်သွားနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရာနှုန်းပြည့်အောင်ရမည့် စိတ်ထားရှိပြီး အောင်စိတ်မွေး ကြိုးစား သွားရမည်ဖြစ်ကြောင်း၊ စာမေးပွဲအောင်မြင်ရန် စာကို ပုံမှန်ကျက်ပေးလျှင် အခက်အခဲမရှိကြောင်း အားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ
https://t.me/MyanmarNationalPost
No comments:
Post a Comment