MNP ၊ မတ် ၂၉
ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ရပ်ကွက်အတွင်းရှိ မသန်စွမ်းသူများအား လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ပြန်လည် ထူထောင်ရေးဦးစီးဌာနမှ ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ကြေးပေးအပ်ခြင်းကို လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့များက ရပ်ကွက်နှင့်ကျေးရွာအုပ် စုများအတွင်းရှိ မသန်စွမ်း ၄၂ ဦးကို တစ်ဦးလျှင် သုံးသောင်း ကျပ်နှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန္တာလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment