ကျောက်တော်မြို့နယ်ရှိ ယာယီခိုလှုံရာစခန်းမှ နေရပ်ပြန်မည့်ပြည်သူများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တော်မြို့နယ်ရှိ ယာယီခိုလှုံရာစခန်းမှ နေရပ်ပြန်မည့်ပြည်သူများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်




MNP ၊ မတ် ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ရှိ ယာယီခိုလှုံရာ စခန်းတွင်နေထိုင်ကြသည့် ဒေသခံပြည်သူများအနက် မိမိသဘောဆန္ဒအရ နေရပ်ပြန်ကြမည့် ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်စု (၁၀)အုပ်စု၊ ကျေးရွာ (၁၇) ရွာနှင့် ပလက်ဝမြို့နယ် ကျေးရွာ(၆) ရွာ အိမ်ထောင်စု (၆၄၄) စု၊ လူဦးရေ(၂၇၀၆) ဦးတို့အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံငွေနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို  ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကစ္ဆပနဒီခန်းမ၌ ကျင်းပပြုလုပ်သည်။


အဆိုပါအခမ်းအနားတွင်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၅)သိန်းနှုန်းစီဖြင့် အိမ်ထောင်စု(၆၄၄)စုအတွက် ထောက်ပံ့ငွေကျပ် (၃၂၂၀)သိန်းအားလည်းကောင်း၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှထောက်ပံ့သည် နေရပ်ပြန်ပြောင်းရွှေ့ စရိတ်အိမ်ထောင်စု (၁) လျှင် ငွေကျပ်(၁) သိန်းနှုန်းစီဖြင့် ငွေကျပ်(၆၄၄)သိန်း၊ လူတစ်ဦးကို ဆန်၊ ရိက္ခာ(၁)ရက်လျှင် ဆန် (၂)ဘူးနှုန်းစီဖြင့် အိမ်ထောင်စု (၆၄၄)စု၊ လူဦးရေ(၂၇၀၆)ဦးအတွက် တစ်လစာ ရိက္ခာဆန်ဖိုးငွေကျပ်(၂၄,၃၅၄,၀၀၀ိ/-) ကျပ်အားလည်းကောင်း၊  လူသုံးကုန်ပစ္စည်း (၁၇)မျိုးပါဝင်သော Family Kit ပုံး(၆၄၄)ပုံး အားလည်းကောင်း၊ ယာယီခိုလှုံရာစခန်းမှအိမ်ထောင်စုဝင်များ၏ကိုယ်စားလှယ်များထံ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ထို့နောက်တာဝန်ရှိသူများက နေရပ်ပြန်ကြမည့် ယာယီခိုလှုံရာစခန်းမှပြည်သူများအား အားပေးစကားပြောကြားပြီး လိုက်လံနှုတ်ဆက်ပို့ဆောင်ပေးခဲ့ကာ နေရပ်အသီးသီးသို့ သယ်ဆောင်မည့်ပစ္စည်းများအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက  မော်တော်ကား၊ စက်လှေများဖြင့် ကူညီသယ်ယူရွှေ့ပြောင်းပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။


ခင်မောင်ထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)