MNP ၊ မတ် ၂၅
သံတွဲခရိုင်၊ငပလီမြို့၌ယမန်နေ့ နေ့လည် (၃း၀၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဒေါ်မြင့်မြင့်အေးကငွေစာရင်းထိန်းသိမ်းနည်းစာအုပ်အခန်း(၁)ဘဏ္ဍာရေးစည်းမျဥ်း၏အဓိပ္ပါယ်၊ရည်ရွယ်ချက်အားရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက် လာကြသည့်ဝန်ထမ်းများကအခန်း(၁)ဘဏ္ဍာရေးစည်းမျဉ်းမှအကျိုးကျေးဇူး၊ရငွေ၊ဌာနဆိုင်ရာအခြေခံမူများကိုဖတ်ကြားပြီး မြို့နယ်ဦးစီးမှူးက ခေါင်းစဉ် တစ်ခုချင်းအလိုက် အသေးစိတ်ပြန်လည် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment