MNP - မတ် ၂၈
မန်ချက်စတာစီးတီးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းမှာ ရာသီဝက်အငှားစာချုပ်ဖြင့် သွားရောက်ကစားတဲ့ ညာနောက်ခံကစားသမား ဂျာအို ကန်ဆယ်လိုက အသင်းနည်းပြအပြောင်းအလဲနဲ့ပတ်သက်ပြီး ဂျူလီယန် နာဂယ်စမန်နဲ့ပတ်သက်ပြီး"အခုမှသိခဲ့ရပါတယ်၊ မြူးနစ်ကိုပြန်လာတဲ့အခါ နာဂယ်စမန်းကို မတွေ့ရတော့မှ သိခဲ့ရတာပါ၊ သူကငါ့ကို ဘိုင်ယန်မြူးနစ်မှာ လိုချင်ခဲ့တာပါ၊ သူ့ကိုကျေးဇူးတင်ချင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဂျာအို ကန်ဆယ်လိုက "တူချယ်နဲ့ပတ်သတ်ပြီးတော့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ကျွန်တော်ရှုံးခဲ့ပါတယ်၊ ဒါကြောင့် ဒီနှစ်မှာ ကျွန်တော့်အတွက် သူပြန်ပြီး အရယူပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment