လှိုင်းဘွဲမြို့နယ် ဟိုးသိုးခီးကျေးရွာတွင် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ် ဟိုးသိုးခီးကျေးရွာတွင် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ


MNP ၊ မတ် ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဆရာတော်၊ သံဃာတော်များ ဦးဆောင်၍ ဒေါနတောင်တန်းများအသင်းမှ ကြီးမှူးကာ ဖွင့်လှစ်သင်ကြားခဲ့သော ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့က ထီးမိုးခီးကျေးရွာအုပ်စု၊ ဟိုးသိုးခီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။


အခမ်းအနားတွင် နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မဲဆမိတ်ကျောင်း ဆရာတော်ဘဒ္ဒန္တစန္ဒရနှင့် ဆရာတော်၊ သံဃာတော်ကြီးများက ဩဝါဒတရားတော်များ မိန့်ကြားခဲ့သည်။ ထို့နောက် ယဉ်ကျေးလိမ္မာသင်တန်း ကြီးကြပ်ရေးဆရာတစ်ဦးက သင်တန်းတွင် ဖွင့်လှစ် သင်ကြားခဲ့သည့် ဘာသာရပ်များ၊ သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ခဲ့သည် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း၊ ဆရာ၊ဆရာများအား ဂုဏ်ပြု လက်မှတ်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။


အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို အခြေခံဗုဒ္ဓတရားတော်များ၊ ယဉ်ကျေးလိမ္မာကဗျာများ၊ ဗုဒ္ဓဘာသာဝင်တို့၏ စောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ ဗုဒ္ဓဘာသာဝင်တို့၏ လိုက်နာစံထားမည့် တရားတော်များကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တို့တွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရှိရသည်။


စောဒိ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)