မာန်အောင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ် ဆေး စတုတ္ထအကြိမ်နှင့်ပဉ္စမအကြိမ် အသက်(၅၀)နှစ်အထက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအားထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ် ဆေး စတုတ္ထအကြိမ်နှင့်ပဉ္စမအကြိမ် အသက်(၅၀)နှစ်အထက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအားထိုးနှံပေးလျက်ရှိ





MNP ၊ မတ် ၂၈

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအကြိမ်နှင့်ပဉ္စမအကြိမ်ထိုးနှံခြင်းကိုအသက်(၅၀)နှစ် အထက် ဌာနဆိုင်ရာ ဝန်ထမ်းများအား  ယနေ့ နံနက်ပိုင်းက  မြို့နယ်ပြည်သူ့ဆေးရုံ(ဟောင်း)ခန်းမတွင် ကျန်းမာရေးဌာန ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။ 


        ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်လာရောက် သည့်  ဌာနဆိုင်ရာဝန်ထမ်းများအား ကျန်းမာရေးဌာနမှ တာဝန်ကျဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း များကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူ များအား တတိယအကြိမ်ထိုးနှံပြီးသူများအား စတုတ္ထအကြိမ်အဖြစ်လည်းကောင်း၊စတုတ္ထအကြိမ်ထိုးနှံပြီးသူများအား ပဉ္စမအကြိမ်အဖြစ်လည်းကောင်းထိုးနှံပေးကြသည်။


  အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၅၀)နှစ်အထက် ဌာနဆိုင်ရာဝန်ထမ်းများ စတုတ္ထအကြိမ်အဖြစ်လာရောက်ထိုးနှံသူ(၁၆}ဦး၊ပဉ္စမအကြိမ်အဖြစ် လာရောက်ထိုးနှံသူ(၄၃)ဦးရှိပြီးကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယခုလ၂၈ရက်နေ့မှ၃၀ရက်နေ့ထိ မြို့နယ်ပြည်သူ့ဆေးရုံ(ဟောင်း)ခန်းမတွင် နံနက်၁၀နာရီမှညနေ၃နာရီထိ ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)