မာန်အောင်မြို့ ၌အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဒုတိယနေ့အဖြစ်ဆက်လက်ပို့ချလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့ ၌အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဒုတိယနေ့အဖြစ်ဆက်လက်ပို့ချလျက်ရှိ





MNP ၊ မတ် ၂၉

ရခိုင်ပြည်နယ် မာန်အောင်မြို့ ၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ၊ အခြေခံပညာ မူလတန်းဆင့်ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်သင်တန်းအား အ-ထ-က မာန်အောင်နှင့်အ-ထ-က(ခွဲ)စျေးတန်းကျောင်းတို့တွင် ဒုတိယနေ့အဖြစ်ဆက်လက် ပို့ချလျက်ရှိ ကြောင်းသိရ သည်။


ထိုသို့ ဖွင့်လှစ်ရာတွင် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့်သင်တန်းအား နေရာ(၂)ခု ခွဲ၍ပို့ချလျက်ရှိရာ အခြေခံပညာအထက်တန်းကျောင်း မာန်အောင်တွင် ဆရာ၊ဆရာမ(၃၉၅)ဦး၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)စျေးတန်းတွင်ဆရာ၊ဆရာမ(၁၉၀)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာမတ်လ(၂၈)ရက်နေ့မှ(၃၁)ရက်နေ့ထိ  (၄)ရက်ကြာ ဖွင့်လှစ် ပို့ချလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)