ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကွမ်းလုံမြို့နယ်ရုံးရှိ ကလေးစာဖတ်ခန်း၌ အခြေခံ ပန်းချီရေးဆွဲနည်းအား သင်ကြားပို့ချပေးလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကွမ်းလုံမြို့နယ်ရုံးရှိ ကလေးစာဖတ်ခန်း၌ အခြေခံ ပန်းချီရေးဆွဲနည်းအား သင်ကြားပို့ချပေးလျှက်ရှိ




MNP ၊ မတ်  ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ ကွမ်းလုံ၌ နွေရာသီ ကျောင်းပိတ်ရက်ကာလတွင်  ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်ရည်ရွယ်၍ အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွမ်းလုံမြို့နယ် ရုံးရှိ ကလေးစာဖတ်ခန်း၌ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်း သိရှိရသည်။


အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပန်းချီသင်တန်းဖွင့်လှစ်သင်ကြားရ ခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး အခြေခံပန်းချီရေးဆွဲနည်းအား လက်တွေ့ပြသသင်ကြားပေးခဲ့သည်။ အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို သင်တန်းသား (၁၅)ဦးဖြင့် မတ်လ ၂၇ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။


ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/ကျောင်းသူများနှင့် မိဘပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်း၊ နယ်လှည့်စာကြည့်တိုက်များ၊ ပြပွဲ/ပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲနှင့် Online Talk Show ရိုက်ကူးထုတ်လွင့်ခြင်း များကို လစဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)