MNP ၊ မတ် ၁၆
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာန၊တိုင်းရင်းဆေးခန်းမှူးမှ မာန်အောင်မြို့ ချမ်းမြေ့သစ္စာ ဓမ္မ ဘိုးဘွားရိပ်သာရှိ ဘိုးဘွား(၁၄)ဦးအား ယနေ့ညနေ၃နာရီက တိုင်းရင်းဆေးဖြင့် ကျန်းမားရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန၊တိုင်းရင်းဆေးခန်းမှူး ဦးမြင့်ဦးက ချမ်းမြေ့သစ္စာ ဓမ္မဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအားသွေးပေါင်ချိန်တိုင်းတာပေးခြင်း၊သွေးတိုး၊ဆီးချိုရှိသူများအားဆေးကုသပေးခြင်း၊ထုံနာ၊ကျဥ်နာ၊ဇက်ကြောတက်၊ညောင်းညာကိုက်ခဲသူ များအား လိမ်းဆေးနှင့်လိုအပ်သောဆေးဝါးများပေးခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုဆောင်ရွက်ပေးခဲ့သည်။
မာန်အောင်မြို့ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာတွင်အဘိုး(၅)ဦး၊အဘွား(၉)ဦး စုစုပေါင်း(၁၄)ဦးရှိပြီး တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို လစဥ်ပုံမှန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုင်းရင်းဆေးမှူး ဦးမြင့်ဦးထံမှ သိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost
No comments:
Post a Comment