လပွတ္တာမြို့တွင် မြို့နယ်လုံးဆိုင်ရာ စုပေါင်းရဟန်းခံ၊ရှင်ပြု အလှူတော်မင်္ဂလာပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လပွတ္တာမြို့တွင် မြို့နယ်လုံးဆိုင်ရာ စုပေါင်းရဟန်းခံ၊ရှင်ပြု အလှူတော်မင်္ဂလာပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ





MNP ၊ မတ် ၂၅

မြန်မာတို့၏ ချစ်စရာဓလေ့စရိုက်၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကောမပျောက်ကွယ်စေရန်၊ ဘာသာသာသနာကိုထိန်းသိမ်းစောင့်ရှောက် တန်ဖိုးထားမြတ်နိုးတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့မှကြီးမှူး၍ မြို့နယ်လုံးဆိုင်ရာ ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာပွဲကို ယမန်နေ့ ညနေ ၃နာရီ၃၀ချိန်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင်လပွတ္တာမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သရက်တောပရိယတ္တိ စာသင်တိုက်၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တသုစိတ္တ(ဂန္ထဝါစကပဏ္ဍိတ)နှင့် ပင်မနယ် လှည့်သစ္စာအဓိဌာန်စတုဒိသာ နတ်စင်တစ်ရာဆရာတော် ဒေါက်တာဘဒ္ဒန္တပညာတေဇ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)တို့အားအမှူးထား၍ လပွတ္တာခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင်၊ အလှူရှင်များမှ ပါဝင်လှူဒါန်းကြသည့် မြို့နယ်လုံးဆိုင်ရာ စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော် မင်္ဂလာပွဲတွင် ဆိုင်းပုဒ်နှင့် အလံကိုင်အဖွဲ့၊ ဖျော်ဖြေရေးယာဥ်၊ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်များ၊ ရဟန်းလောင်းနှင့် မောင်ရင်လောင်းများ၊ ရှင်လောင်းများ၏ မိဘများ၊ အိုးစည်၊ ဗုံမောင်းတို့ လိုက်ပါလျက် သရက်တောကျောင်းတိုက်မှ မြို့တွင်းလမ်းမများတစ်လျှောက်   လှည့်လည်ခဲ့ကြပြီး သရက်​တောကျောင်းတိုက်သို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။


အဆိုပါ စုပေါင်းရှင်ပြုပွဲကြီးတွင် ရှင်အပါး(၁၀၀)ပါး၊  ကံထပ်ရဟန်း (၂၂) ပါး တို့အား သာသနာ့ဘောင်အတွင်း သွတ်သွင်းချီးမြှောက် စုပေါင်းကုသိုလ်ပြုခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)