MNP - မတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် (Booster Dose) ထိုးနှံရန်ကျန်ရှိသော ဌာနဆိုင်ရာများနှင့် ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ဌာနများမှ မီးဘေး၊ လေဘေးနှင့် ရုံးသန့်ရှင်းရေးလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားစေလိုကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆို ကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး အတွက် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်စေ လိုကြောင်း၊ တပေါင်းလပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ အပတ်စဉ် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြရန် စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ က သက်ဆိုင်ရာလုပ်ငန်းအလိုက် တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment