ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ခရီးသွားပြည်သူများ တစ်ရက်လျှင်ရှစ်သောင်း ခန့်ဝင်ရောက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ခရီးသွားပြည်သူများ တစ်ရက်လျှင်ရှစ်သောင်း ခန့်ဝင်ရောက်လျက်ရှိ

 




MNP ၊ မတ် ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ခရီးသွားဘုရားဖူးပြည်သူတစ်ရက်လျှင် လူဦးရေ ရှစ်သောင်းကျော်ခန့် လာရောက်ဖူးမြော်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားရေးမှုဦးစီးဌာန (ပုဂံ)ရုံးခွဲ တာဝန်ရှိသူများထံက သိရသည်။


ရုံးသုံးရက်ဆက်ပိတ်ခြင်းနှင့်အတူ နွေရာသီကျောင်းပိတ်ရက်အတွင်း ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မြန်မာပြည်အရပ်ရပ်မှခရီးသွား ဘုရားဖူးပြည်သူများ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ သမိုင်းအထင်ကရဘုရားများ၊ သာသ နိကအဆောက်အအုံများ၊ အပန်းဖြေဆင်စခန်းတို့တွင် ခရီးသွားများဖြင့်စည်ကားနေကြောင်း အာနန္ဒာဘုရားကြီးဂေါပကအဖွဲ့ကပြောသည်။


ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေသို့ရောက်ရှိလာကြသည့် ခရီးသွားဘုရားဖူးများသည် ဘုရားဈေးတန်းများတွင် ရောင်းချနေသည့် ပုဂံသမိုင်းစာအုပ်များ၊ ပုဂံသုတေသနစာအုပ်များ၊ ပုဂံသမိုင်းရုပ်ပြ စာအုပ်များဝယ်ယူမှုများပြားလျက်ရှိကြောင်း၊ e-bike များဖြင့် အဖွဲ့လိုက်ငှားယူစီးနင်းမှု များပြားလျက်ရှိသကဲ့သို့ လက်ရေးပန်းချီဆွဲသူများလက်မလည် လက်အလှပန်းချီရေးဆွဲသူ များပြားလျက်ရှိကြောင်း၊ ဆုတောင်းပြည့်ဘုရား ငါးဆူရှိသည့် ရွှေဆံတော်ဘုရားရှိ ဆုတောင်းပြည့်ဆင်းတုဘုရား၊ တာမဏီသိမ်ကျောင်းရှိ ဆုတောင်းပြည့်ဆင်းတု၊ ဓမ္မရာဇက ဘုရားရှိ ဆုတောင်းပြည့်ဆင်းတုနှစ်ဆူ၊ လောကနန္ဒာဘုရားရှိ ဆုတောင်းပြည့်ဆင်းတုတော်တို့တွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားနေပြီး ရွှေသင်္ကန်းကပ်လှူသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။


ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်ကရ ဘုရားများအပြင် နံရံဆေးရေးပန်းချီရှိသည့် ဘုရားများ၊ ဗိသုကာလက်ရာလေ့လာလိုသူများ၊ ပါဠိစာ၊ မင်စာလေ့လာလိုသူများလည်း ပုဂံဘုရားများတွင် လေ့လာသူများပြားလျက်ရှိကြကာ စားသောက်ဆိုင်များ၊ အဝတ်အထည်ရောင်းချလျက်ရှိသည့်ဆိုင်များ၊ ပုန်းရည်ကြီး အရောင်းဆိုင်များ၊ ပုဂံအမှတ်တရရောင်းချလျက်ရှိသည့်ဆိုင်များ၊ မြင်းလှည်းအငှားလိုက်သူများ၊ မီနီအိုးဝေအငှားလိုက်သူများ၊ ပြည်တွင်းခရီးသွားဧည့်လမ်းညွှန်များနှင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် နေ့စဉ်ခရီးသွားဧည့်သည်များဖြင့် လုပ်ငန်းများပြန်လည် လုပ်ကိုင်နေကြရပြီး မိသားစုဝင်ငွေများလည်း ပုံမှန်ဝင်ရောက်လျက်ရှိကြောင်းသိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)