နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ (၇၈)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြမည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား သွားရောက်တွေ့ဆုံ ဂါရဝပြုနှုတ်ဆက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ (၇၈)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြမည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား သွားရောက်တွေ့ဆုံ ဂါရဝပြုနှုတ်ဆက်









MNP ၊ မတ် ၂၆

၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများသည်လည်း ပါဝင်တက်ရောက်ကြ မည် ဖြစ်ပြီး နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ခေတ္တတည်းခိုနေထိုင်လျက်ရှိသည်။

အဆိုပါ အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှတို့က ယနေ့ညနေပိုင်းတွင် သွားရောက်၍ တွေ့ဆုံဂါရဝပြု နှုတ်ဆက်သည်။

ထိုသို့ တွေ့ဆုံဂါရဝပြုနှုတ်ဆက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် အငြိမ်းစားတပ်မတော် အရာရှိကြီးများနှင့် ဇနီးများအား တစ်ဦးချင်းလိုက်လံ ဂါရဝပြုနှုတ်ဆက်ခဲ့ပြီး ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ လိုအပ်ချက်များကို မေးမြန်း၍ လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများ၊ စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့ လက်တွဲ၍ တက်ညီလက်ညီဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် လျက်ရှိသည့်အခြေအနေများ၊ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ဘာသာ သာသနာ နှင့် ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲရေး၊ လူသားအရင်းအမြစ် ကောင်းများ ပေါ်ထွက်လာရေးတို့အတွက် ဘက်ပေါင်းစုံမှ တွန်းအားပေးဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ ပြည်သူလူထု၏ အကျိုးစီးပွားမြင့်မားရေးနှင့် နိုင်ငံ့ကောင်းရာကောင်းကျိုးတို့ကိုသာ အစဉ်ဦးထိပ်ထား၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာကောင်းများကို ဆက်လက်၍ လက်ဆင့်ကမ်းထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ စားရေး၊ နေရေး၊ ဝတ်ရေး တို့နှင့် ပတ်သက်၍ အမြဲမပြတ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ရာ အငြိမ်းစားတပ်မတော်အရာရှိကြီးများက ယခုကဲ့သို့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်သည့်အခြေအနေများ၊ နိုင်ငံ့တာဝန်များကို ဘက်ပေါင်းစုံမှ လစ်ဟင်းမှု မရှိစေရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို အားပေးအသိအမှတ်ပြုသည့် အခြေအနေများ နှင့် အခြားဩဝါဒစကားများကို ပြန်လည်ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။ 


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)