ပုဏ္ဏားကျွန်းမြို့နယ် စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၊ ပထဝီဘာသာတွဲအား အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ် စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၊ ပထဝီဘာသာတွဲအား အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို




MNP ၊ မတ်  ၁၆

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ စာစစ်ဌာန(၄)ခုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့၊ ပထဝီဘာသာတွဲအား ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို လျက်ရှိသည်။


ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျောင်းသား/သူများ တက္ကသိုလ်ဝင်တန်းစာ​မေးပွဲကို စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်ပြီး၊  ယနေ့၊ ပထဝီဘာသာတွဲအား အထက(ပုဏ္ဏားကျွန်း) စာစစ်ဌာနတွင် စာရင်းရှိ ၄၅၈ ဦး၊ ဖြေဆိုသူ ၄၀၅ ဦး၊ အထက(ခွဲ)-မြိုမတွင် စာရင်းရှိ ၂၆၇ ဦး၊ ဖြေဆိုသူ ၂၃၇ ဦး၊ မူ(လွန်)-ရွာဟောင်းတွင် စာရင်းရှိ ၁၁၀ ဦး၊ ဖြေဆိုသူ ၁၀၄ ဦး၊ မူ(လွန်)-စံပြ(၂)တွင် စာရင်းရှိ ၁၃၁ ဦး၊ ဖြေဆိုသူ ၁၂၀ ဦး၊ စုစုပေါင်း ဖြေဆိုသူ ၈၆၆ ဦး၊ ဖြေဆိုပျက်ကွက်သူ ၁၀၀ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)