သာယာဝတီမြို့နယ်၌ ၂၀၂၃ ခုနှစ် ဓမ္မာစရိယစာမေးပွဲ စတုတ္ထနေ့ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့နယ်၌ ၂၀၂၃ ခုနှစ် ဓမ္မာစရိယစာမေးပွဲ စတုတ္ထနေ့ဆက်လက်ဖြေဆို


MNP ၊ မတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီး ဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ဓမ္မာစရိယစာမေးပွဲကို စတုတ္ထနေ့အဖြစ် သာယာဝတီမြို့ ကျိုက်ထို ဇောတိကာရုံပရိယတ္တိ စာသင်တိုက်ဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပလျက်ရှိကြောင်း သိရသည်။


ဓမ္မာစရိယစာမေးပွဲတွင် သီလက္ခန္ဓဝဂ္ဂပါဠိအဌကထာ(၂) ဘာသာရပ်ကိုဖြေဆိုရန် စာရင်းရှိသံဃာ (၅၉)ပါး၊ သီလရှင်(၂)ပါး ဖြေဆိုခဲ့ပြီး  မြို့နယ်သာသနာရေးမှူးရုံးမှ သိရသည်။


သံဃာတော်များ စာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့် အဖွဲ့ဝင် များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက နေ့စဉ် ဆွမ်းဘောဇဉ် အာဟာရများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။


သန့်ဇော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)