အိမ်မဲမြို့နယ်တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့် စပ်လျဥ်း၍ အသိပညာပေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့် စပ်လျဥ်း၍ အသိပညာပေး ဆွေးနွေး


MNP ၊ မတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဥ်း၍ အသိပညာပေး ဆွေးနွေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီတွင် ကျင်းပပြုလုပ်သည်။


ဆွေးနွေးပွဲတွင် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦး ကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်က အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါဆွေးနွေးပွဲတွင် အသင်းအဖွဲ့ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ မှတ်ပုံတင်လျှောက်ထား ရမည့်အသင်းအဖွဲ့များ၊ မှတ်ပုံတင်ခွင့်မရှိသော အသင်းအဖွဲ့များ၊ ဆောင်ရွက်နိုင်သည့် လုပ်ငန်းနယ်ပယ်၊ မှတ်ပုံတင်လျှောက်ထားရတွင် သတိပြုရမည့် အချက်များ၊ မှတ်ပုံတင်ခြင်းအတွက် ကာလသတ်မှတ်ချက်များ၊ အသင်းအဖွဲ့၏ အခွင့်အရေးများ၊ တာဝန်များ၊ တာမြစ်ချက်နှင့် ပြစ်ဒဏ်များ၊ မှတ်ပုံတင်ရေး အဖွဲ့၏လုပ်ငန်းတာဝန်များ အကြောင်းတို့ကို တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး အခမ်းအနားသို့ မြို့နယ်အတွင်း လူမှုရေးအသင်းအဖွဲ့ ဆောင်ရွက်နေကြသည့် တာဝန်ရှိသူများတက်ရောက်ခဲ့သည်။


ချစ်သက်လယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)