ကျောက်ဖြူခရိုင်ရုံးဝန်ထမ်းများအား နိုင်ငံတော်မှချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများအား သိရှိလိုက်နာနိုင်စေရေး “နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ“ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူခရိုင်ရုံးဝန်ထမ်းများအား နိုင်ငံတော်မှချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများအား သိရှိလိုက်နာနိုင်စေရေး “နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ“ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်




MNP ၊ မတ် ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးဝန်ထမ်း များအနေဖြင့် နိုင်ငံတော်မှချမှတ်ပေးထားသည့် လိုက်နာရမည့် နိုင်ငံ့ဝန်ထမ်းများ၏ ဥပဒေ၊ နည်းဥပဒေ များကို သိရှိလိုက်နာနိုင်စေရန်ရည်ရွယ်၍ ယနေ့ မွန်းလွဲပိုင်းက “နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ” စာအုပ် ဖြင့် ဝန်ထမ်းများရုံးတွင်းစာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။


အဆိုပါ စာဖတ်ဝိုင်းတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက ခရိုင်ရုံးဝန်ထမ်းများအား နိုင်ငံတော်မှချမှတ်ပေးထားသည့် လိုက်နာရမည့် နိုင်ငံ့ဝန်ထမ်းများ၏ ဥပဒေ၊ နည်းဥပဒေများကို သိရှိပြီး ကျင့်ဝတ်စည်းကမ်းများနှင့်အညီ လိုက်နာနိုင်စေရန်နှင့်  တစ်ဦးနှင့်တစ်ဦး ဝိုင်းဖွဲ့ဆွေးနွေးခြင်းဖြင့် အတွေးအခေါ်အမြင်သစ်များအား မျှဝေ တတ်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားပြီး“နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ များ”စာအုပ်ပါ နည်းဥပဒေပုဒ်မ-၁၆၁ အရ အလုပ်ချိန်နှင့်သက်ဆိုင်သည့် ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုတစ်ခုခုအတွက် ဝန်ထမ်းများအား ဌာနဆိုင်ရာအရေးယူအပြစ်ပေးနိုင်သည့် အကြောင်းအရာများ အားလည်းကောင်း၊ နည်းဥပဒေပုဒ်မ-၁၆၂ အရ တာဝန်ထမ်းဆောင်မှု လုပ်ရည်ကိုင်ရည်တို့နှင့်ပတ်သက် သည့် ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုတစ်ခုခုအတွက် ဝန်ထမ်းများအား ဌာနဆိုင်ရာအရေးယူနိုင်သည့် အကြောင်းအရာများအားလည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့သည်။ ထို့နောက် ဦးဇော်ဇော်နိုင် ရုပ်သံကျွမ်းကျင်(၃)က နည်းဥပဒေပုဒ်မ-၁၆၃ အရ လုပ်ငန်းခွင်အတွင်း ပြုမူဆက်ဆံမှု စည်းကမ်းဆိုင်ရာ များနှင့်ပတ်သက်၍ ဝန်ထမ်းများကို ဌာနဆိုင်ရာအရေးယူအပြစ်ပေးနိုင်သည့် အကြောင်းအရာများအား လည်းကောင်း ဆွေးနွေးခဲ့ရာ ရုံးဝန်ထမ်းများမှ သိရှိလိုသည်များအား အပြန်အလှန်မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။ 


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)