စဉ့်ကူးမြို့တွင် အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့တွင် အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ပို့ချ




MNP ၊ မတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိသော ဆရာ/ဆရာမများအား သင်ကြားမှုစွမ်းရည် ပိုမိုမြင့်တက်လာစေရန် ရည်ရွယ်၍ အခြေခံပညာ မူလတန်းအဆင့် ဆရာ/ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို မတ်လ ၂၈ ရက်နေ့နံနက် ၉ နာရီမှစ၍ ယနေ့အထိ အ.ထ.က (စဉ့်ကူး)ကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိ သည်။


အဆိုပါ ဘာသာရပ်စွမ်းရည်မွမ်းမံသင်တန်းအား စဉ့်ကူးမြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်နှင့် တာဝန်ရှိသူများ၊ နည်းပြဆရာ/ဆရာမ (၁၄) ဦးတို့က အနီးကပ်ကြီးကြပ်၍ သင်တန်းပို့ချ လျက်ရှိ သည်။


ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းသို့ စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မူလတန်းအဆင့် ဘာသာရပ်များအလိုက် သင်ကြားပေးနေသော ဆရာ/ဆရာမ သင်တန်းသား သင်တန်း သူ (၃၇၇) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ ၂၈ ရက်မှ မတ်လ ၃၁ ရက်နေ့ထိ ၄ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


တင်ဇာလွင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)