ကုန်စည်စီးဆင်းမှု လျင်မြန်စေရေး ကျောက်ဆည်-ဖျောက်ဆိပ်-ရဲရွာလမ်းတွင် သံကူကွန်ကရစ်တံတား (၃) စင်း ဆောက်လုပ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကုန်စည်စီးဆင်းမှု လျင်မြန်စေရေး ကျောက်ဆည်-ဖျောက်ဆိပ်-ရဲရွာလမ်းတွင် သံကူကွန်ကရစ်တံတား (၃) စင်း ဆောက်လုပ်ပေး


MNP   -   မတ်   ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှု လျင်မြန်စေရေး၊ မြိုပြနှင့် ကျေးလက်ကွာဟမှုမရှိစေရေး ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန် အတွက် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-ဖျောက်ဆိပ်ပင်-ရဲရွာလမ်းတွင် သံကူကွန်ကရစ် (၃)စင်း ဆောက်လုပ်ပေးလျက် ရှိကြောင်း သိရှိရသည်။


အဆိုပါ တံတားတည်ဆောက်ခြင်းလုပ်ငန်းများ သတ်မှတ်အရည်အသွေးနှင့် သတ်မှတ်အချိန်ပြီးစီးရေး မြို့နယ်လမ်းဦးစီးဌာန ကြီးကြပ်မှုဖြင့် ကျော်မင်းကျော် ဆောက်လုပ်ရေးကုမ္မဏီမှ တာဝန်ယူပြီး မန္တလေး တိုင်းဒေသကြီး ပြင်ဆင်ထိမ်သိမ်းခြင်းရန်ပုံငွေ (၇၃.၅၀)သန်းဖြင့် လမ်း၏ (၃၀) ကီလိုမီတာမှ (၃၄) ကီလိုမီတာအတွင်းတွင် (၁.၂၅) ကီလိုမီတာနှင့် (၁၂.၂) မီတာရှိ Box Culvert သံကူကွန် ကရစ်တံတား(၃)စင်း တည်ဆောက်ပေးခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါတံတားများ ဆောက်လုပ်ပေးခြင်းကြောင့် ပြည်သူများအနေဖြင့် ကုန်ပစ္စည်းများသယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာသယ်ယူနိုင်နိုင်မည်ဖြစ်ကြောင်းနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ကဏ္ဍများ ပိုမိုဖွံ့ဖြိးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးပြောပြ၍  သိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)