ပေါက်တောမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲ စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲ စတင်ဖြေဆို





MNP ၊ မတ် ၂၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ၊ ပေါက်တောမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ၂၀၂၃ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့အဖြစ် ဗုဒ္ဓသာသနာ့ဓမ္မဗိမာန်တော်၌ ယနေ့မွန်းလွဲ(၁)နာရီ အချိန်မှကျင်းပလျက်ရှိသည်။


ပေါက်တောမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ( ၂၈)ရက်နေ့မှ ဧပြီလ( ၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ပထမကြီးတန်းတွင် (၅ )ပါး၊ ပထမလတ်တန်းတွင်(၁)ပါး၊ ပထမငယ်တန်းတွင် ( ၆ )ပါးနှင့် အခြေပြုမူလတန်းတွင် (၁၃)ပါး၊ စုစုပေါင်း( ၂၅ )ပါး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး စာရင်းပေးသွင်းထားသူ စာဖြေသံဃာစုစုပေါင်း( ၄၆)ပါး ရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှသိရှိရသည်။


သံဃာတော်များစာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ စေတနာရှင် အလှူရှင်များက နေ့စဉ်ဆွမ်းဘောဇဉ်အဟာရများလှူဒါန်းလျက်ရှိကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)