ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသစီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးသို့တက်​ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသစီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးသို့တက်​ရောက်

 




MNP ၊ မတ် ၃၀

ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ​ဒေသစီမံအုပ်ချုပ်​ရေးအဖွဲ့သည် ​ဒေသအဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်အတွင်း အ​ကောင်အထည်​ဖော်​ဆောင်ရွက်ခဲ့သည့် ​ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသအတွင်းရှိ ပင်းတယ မြို့နယ်နှင့် ရွာငံမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနားကို ယမန့်​နေနံနက် ၉ နာရီအချိန်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသစီမံအုပ်ချုပ်​ရေးအဖွဲ့ရုံး အစည်းအ​ဝေးခန်းမ (၁)တွင် ကျင်းပခဲ့​ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားပထမပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသစီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကား​ပြောကြားရာ နိုင်ငံ​တော်မှ အ​ကောင်ထည်​ဖော်ဆောင်ရွက်​နေသည့်လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ လိုက်နာ​ဆောင်ရွက်ရမည် အ​ခြေအ​နေများ၊မိမိတို့​ဒေသသည် စိုက်ပျိုး​ရေးကိုအဓိကထား၍ ပညာ​ရေး၊ ကျန်းမာ​ရေး၊ စီးပွား​ရေးစတဲ့ဖွံ့ဖြိုး​ရေးလုပ်ငန်း ဆောင်ရွက်​နေမှုများ စသည်ဖြင့် ရှင်းလင်း​ပြောကြား​ပေးပြီး၊ တက်​ရောက်လာသည့် ​ဒေသအဆင့်ဌာနဆိုင်ရာများမှ မိမိတို့ဌာန၏ ​ဆောင်ရွက်​နေမှုတို့အား Power Point ဖြင့်တင် ပြကြရာ ​ဒေသစီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်​​ဆွေး​နွေးပြောကြား သည်။


ထို​နောက် အစည်းအ​ဝေးပထမပိုင်းကိုရပ်နားခဲ့ပြီး ​မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ​ဒေသစီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌသည် ဌာနဆိုင်ရာများနှင့်အတူ​နေ့ လည်စာ သုံး​ဆောင်ခဲ့​ကြောင်းသိရသည်။ ဆက်လက်၍ မွန်းလွဲ (၁)နာရီခွဲအချိန်တွင် အစည်းအ​ဝေးဒုတိယပိုင်းကို ကျင်းပခဲ့ရာ ပင်းတယမြို့နယ်နှင့်ရွာငံမြို့နယ်တို့မှ မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအသီးသီး၏ လုပ်ငန်း​ဆောင်ရွက်ချက်တို့အား တင်ပြခဲ့ကြသည်။ ယင်းနောက် ​ဒေသစီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌမှ အစည်းအ​ဝေးနှင့်ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ မိမိတို့​နိုင်ငံ၏ ​ရှေ့ဆက်လုပ်​ဆောင်နေသည့်လုပ်ငန်းများတွင် အတူတကွလက်တွဲလုပ်​ဆောင်ကြကာ၊ ဒေသဝမ်းစာဖူလုံ​ရေး၊ သားငါးကဏ္ဍဖွံ့ဖြိုး​ရေး၊ ​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကို ဝိုင်းဝန်းပူး​ပေါင်း​ပေးကြရန် စသဖြင့်နိဂုံးချုပ် အမှာစကား​ပြောကြား​ပေးခဲ့​ကြောင်း သိရသည်။


​အောင်ကိုဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)