တောင်ဥက္ကလာပမြို့နယ်၌ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌဦးထူးလွင်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်၌ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌဦးထူးလွင်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ



MNP ၊ မတ်  ၁၇

ရန်ကုန်တိုင်း​ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊​ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက်၌ ဟေမဝန်ဓမ္မာရုံကြီး၌ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌဦးထူးလွင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ တွေ့ဆုံပွဲအခမ်းအနားကို ယမန့်နေ့နံနက်(၁၀:၀၀)နာရီအချိန်က ကျင်းပခဲ့​ကြောင်း သိရသည်။


တွေ့ဆုံပွဲအခမ်းအနားတွင် သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌဦးထူးလွင်မှ တောင်ဥက္ကလာပမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှု စစ်ကြောင်းငါးကြောင်းဖြစ်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊    ရပ်ကွက်များအတွင်းရှိ လမ်းများအဆင်ပြေချောမွေ့စွာသွားလာနိုင်ရေး၊ ရပ်ကွက်များအတွင်းရှိ ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး အထူးအလေးထားဆောင်ရွက်ရန်၊ အမှိုက်များစနစ်တကျစွန့်ပစ်နိုင်ရေး စီစဉ်ဆောင်ရွက်၍ ရေနုတ်မြောင်းများတွင် မပိတ်ဆို့စေရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးသတိရှိရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ပူး​ပေါင်း​ဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တက်​ရောက်လာကြ​​သော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ လမ်းမှူးများမှ ရပ်ကွက်အတွင်း လိုအပ်သည့်အခက်အခဲများ၊ ဆောင်ရွက်နေသည့်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများကို ရပ်ကွက်အလိုက်ဆွေးနွေးတင်ပြကြရာ   သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တောင်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


တွေ့ဆုံပွဲအခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်အတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန် နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။


ခင်ဆွေနှင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)