ပခုက္ကူခရိုင်အတွင်း အစေ့ထုတ်ပြောင်းများ ဈေးကောင်းရရှိပြီး တောင်သူများအဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူခရိုင်အတွင်း အစေ့ထုတ်ပြောင်းများ ဈေးကောင်းရရှိပြီး တောင်သူများအဆင်ပြေ




MNP ၊ မတ် ၂၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်း စိုက်ပျိုးသည့်အစေ့ထုတ်ပြောင်းများမှာ တိရစ္ဆာန်အစာအသုံးပြု နိုင်သည့်အပြင် ပြည်ပနိုင်ငံများအထိတင်ပို့ရောင်းချနေရသောကြောင့် ဈေးကောင်းရရှိပြီး ပြောင်းစိုက် တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။


ပခုက္ကူခရိုင်အတွင်း အစေ့ထုတ်ပြောင်းသီးနှံစိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စိုက်ပျိုးသည့် ဒေသများအနေဖြင့် ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့တွင် စိုက်ဧက(၄၀)၊ ရေစကြိုမြို့နယ်တွင် စိုက်ဧက (၉၀၀၀) ကျော်၊ ပေါက်မြို့နယ်တွင် စိုက်ဧက(၅၀၀၀)ကျော်တို့ဖြင့် အသီးသီးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးသည့် သီးနှံအမျိုးအစားမှာ အစေ့ထုတ်ပြောင်း(CP) ဖြစ်ပြီး အောက်တိုဘာလမှစတင်ပြီး အရောင်းအဝယ် ဖြစ်ကြောင်း၊ လက်ရှိပခုက္ကူကုန်စည်ဒိုင်အတွင်း နေ့စဉ်ပိဿာချိန်ပေါင်း ၂၇၀၀၀မှ ၃၀၀၀၀ကျော်အထိ လှိုင်လှိုင်ပေါ်ဝင်ရောက်လျက်ရှိပြီး ငွေကျပ် ၁၀၀၀ ခန့်အထိ ရှိကြောင်း၊ အစေ့ထုတ်ပြောင်း(CP) သီးနှံများ ဈေးကောင်းလျက်ရှိသော်လည်း အရောင်း အဝယ်အားလုံးဖြစ်သောကြောင့် ဈေးကွက်ခိုင်မာမှုရှိခြင်း၊ ပြည်ပနိုင်ငံများထံသို့ တင်ပို့ရောင်းချနေရခြင်းတို့ကြောင့် တိုးချဲ့စိုက်ပျိုးသင့်သည့် သီးနှံအမျိုးအစားဖြစ်ကြောင်း ပခုက္ကူကုန်စည်ဒိုင်က တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရသိရသည်။


အစေ့ထုတ်ပြောင်းစိုက်ပျိုးရန် သီးနှံမျိုးဝယ်ယူစိုက်ပျိုးခြင်းနှင့်အခြားသွင်းအားစုများအတွက် ကုန်ကျစရိတ် များပြားလျက်ရှိပြီး တစ်ဧကလျှင် ငွေကျပ်ငါးသိန်းခန့်အထိရှိကြောင်း၊ စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းပါက တစ်ဧကလျှင် တင်းပေါင်း ၆၀ ကျော်ထွက်ရှိသောကြောင့် တစ်ဧကအမြတ်ငွေခြောက်သိန်း ကျော်ရရှိကြောင်း၊ အစေ့ထုတ်ပြောင်း(CP)သီးနှံကို မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် တိရစ္ဆာန် အစာအဖြစ်လည်း အသုံးပြုကြသောကြောင့် ကျေးရွာတွင်းမှာပင် ဝယ်ယူမှုများပြားလျက်ရှိကြောင်း ပခုက္ကူ ကုန်စည်ဒိုင်တွင် လာရောက်ရောင်းချသူ ပြောင်းစိုက်တောင်သူတစ်ဦးက ပြောပြသည်။


ဘာမီသာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)