ပုဏ္ဏားကျွန်းမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်






MNP   -   မတ်   ၂

        ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ယနေ့နံနက်(၉)နာရီကစ၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်ဘုရားကြီးသာသနာ့ဗိမာန်တော်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ပေးသည်။


  တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့၊ အထူးကုပါရဂူ၊ သမားတော်ကြီးများ ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများက ယနေ့တွင် ဒေသခံ ပြည်သူလူထု ၅၀၀ ဦးတို့ကို မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း လည်ချောင်းစသည့် ရောဂါတို့ကို ECG နှင့်အမ်ထရာဆောင်းစက်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီး၊ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။


ထိုသို့ဆောင်ရွက်ပေးခြင်းကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ(ယာယီ)စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်မြင့်ဦး၊ နယ်မြေခံ တပ်ရင်း ခမရ(၅၅၀)မှ တပ်ရင်းမှူး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များတို့က  ကြီးကြပ်၍  မြို့နယ်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီ အသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် Volunteer စေတနာ့ ဝန်ထမ်းများ၊ ပရဟိတ လူမှုရေးအသင်း အဖွဲ့တို့က လိုအပ်သည့်နေရာများတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးကြပြီး၊ လာရောက်ဆေးကုသမှု ခံယူနေကြသည့် ဒေသခံပြည်သူများကို အာဟာရအားဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)