ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်လွှဲပြောင်းလက်ခံခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်လွှဲပြောင်းလက်ခံခြင်းဆောင်ရွက်





MNP ၊ မတ် ၃၀

ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိဂေဟာများတွင် လက်ခံစောင့်ရှောက်ထားသူများအနက် နိုင်ငံသားစိစစ်မှုရှိပြီး ထိုင်းနိုင်ငံတွင်တရားစီရင်ရေးလုပ်ငန်းစဉ် ပြီးဆုံးပြီဖြစ်သော လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၂၃ ဦးအား လွှဲပြောင်းလက်ခံခြင်းကို ထိုင်းငံနိုင်ငံ၊ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနတွင် ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်လူကုန်ကူးမှု ကာကွယ်စောင့်ရှောက်ရေးဌာနမှ နန်းစောင်ဖော(န်) နဖါးစမ်ရီးလာ့က လူကုန်ကူးခံရသူ များ လွှဲပြောင်းလက်ခံခြင်းဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။


ထို့နောက် ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဝိရဖန်ဒီးအောင့်က အဖွင့်ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ မြဝတီမြို့ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာမှ ဦးစီးအရာရှိ ဒေါ်ခင်နွယ်နွယ်ရီက အဖွင့်ကျေးဇူးတင်စကား ပြောကြားသည်။


ယင်းနောက် လူကုန်ကူးခံရသူမြန်မာနိုင်ငံသားများ၏ ပစ္စည်းနှင့်ငွေကြေးများ၊ အချက်အလက်ဆိုင်ရာများအား နှစ်နိုင်ငံတာဝန်ရှိသူများက လွှဲပြောင်း လက်ခံရယူသည်။


ထိုသို့ လွှဲပြောင်းပေးရာတွင် ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဝိရဖန်ဒီးအောင့် ဦးဆောင်သော တာဝန်ရှိသူများက လွှဲ ပြောင်းပေးပြီး မြန်မာနိုင်ငံဘက်မှ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မြဝတီမြို့ ယာယီလက်ခံစောင့်ရှောက်ရေး ဂေဟာမှ ဦးစီးအရာရှိ ဒေါ်ခင်နွယ်နွယ်ရီ ဦးဆောင်ပြီး မြဝတီခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသီဟနိုင်၊ အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ် (မြဝတီ)မှ ဒုရဲမှူး သက်ဇော်ထွန်း၊ လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲမှူးရုံးမှ လက်ထောက်ညွှန်ကြားရေး မှူး ဦးဝေမျိုးသက်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြဝတီမြို့နယ်ဦးစီးမှူး ဦးကျော်စိုးထွန်းနှင့် တာဝန်ရှိသူများက ပြန်လည်ကြိုဆိုလက်ခံခဲ့ခြင်းဖြစ်သည်။


ဆက်လက်ပြီး အဆိုပါ မြန်မာနိုင်ငံသားများအား မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတားမှတစ်ဆင့် မြဝတီမြို့၊ ယာယီလက်ခံစောင့် ရှောက်ရေးဂေဟာသို့ ခေါ်ဆောင်လာခဲ့ပြီး နေရပ်ပြန်လည် ပို့ဆောင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။


ထိုသို့ လွှဲပြောင်းလက်ခံရာတွင် အမျိုးသား(၁၁)ဦး၊ အမျိုးသမီး(၆)ဦး၊ မိသားစုဝင် အမျိုးသားကလေး(၁)ဦး၊ အမျိုးသမီးကလေး(၅)ဦး စုစုပေါင်း ၂၃ ဦးတို့အား ပြန်လည်ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။


ထိန်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)