MNP - မတ် ၂
ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ ၊ ကာတွန်း ၊ ပိုစတာပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က တောင်ကုတ်မြို့ ၊ အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း ၊ ပညာရတာနာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပြိုင်ပွဲတွင် အခြေခံပညာမူလတန်း ၊ အလယ်တန်းနှင့်အထက်တန်းအဆင့် ပန်းချီ ၊ ကာတွန်း နှင့် ပိုစတာပြိုင်ပွဲများကို ကျင်းပရာ ပြိုင်ပွဲသို့ တောင်ကုတ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး ၊ တောင်ကုတ်ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှ ခေတ္တခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူး သက်စိုး ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြသောင်း နှင့် ပြိုင်ပွဲကျင်းပရေး ကော်မတီများက ကြည့်ရှုအားပေးကြီးကြပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါပြိုင်ပွဲများမှ ပြိုင်ပွဲဝင် ပန်းချီ ၊ ပိုစတာ နှင့်ကာတွန်းပုံများကို ပြည်နယ်အဆင့်မှ ဆုများ ရွေးချယ် သွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment