တမူး- နန်းဖာလုံသွား အာရှလမ်းမကြီး၊ ခြင်္သေ့(၄)ကောင် လမ်းဆုံ၌ မူးယစ်ဆေးဝါးများ သယ်ဆောင်၍ ရောင်းချသူ ၁ ဦးအား ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တမူး- နန်းဖာလုံသွား အာရှလမ်းမကြီး၊ ခြင်္သေ့(၄)ကောင် လမ်းဆုံ၌ မူးယစ်ဆေးဝါးများ သယ်ဆောင်၍ ရောင်းချသူ ၁ ဦးအား ဖမ်းဆီးရမိ


MNP ၊ မတ် ၂၉ 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ စန္ဒကူး(၁)ရပ်ကွက်၊ တမူး - နန်းဖာလုံသွား အာရှလမ်းမကြီး၊ ခြင်္သေ့(၄)ကောင် လမ်းဆုံ၌ မူးယစ်ဆေးဝါးများ သယ်ဆောင်၍ ရောင်းချသူ ၁ ဦးအား ယမန်နေ့ က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တမူးမြို့၊  စန္ဒကူး(၁)ရပ်ကွက်၊ တမူး - နန်းဖာလုံသွား အာရှ လမ်းမကြီး၊ ခြင်္သေ့(၄)ကောင် လမ်းဆုံ၌ လုံခြုံရေးပူးပေါင်းအဖွဲ့များသည် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် နန်းဖာလုံဘက်မှ တမူးမြို့သို မောင်းနှင်လာသည့် ခရီးသည်တင် သုံးဘီးယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ခရီးသည်အဖြစ် လိုက်ပါလာ၍ မဏိပူရ်ပြည်နယ်တွင်နေထိုင်သည့် အိန္ဒိယနိုင်ငံသူ Nem Ja Vei အား မသင်္ကာသဖြင့် စစ်ဆေး ရှာဖွေခဲ့ရာ ၎င်းသယ်ဆောင်လာသည့် MAMEE ခေါက်ဆွဲခြောက် ဂျပ်ဖာခွံ  ၂ ခု အတွင်းမှ MAMEE ခေါက်ဆွဲခြောက်ထုပ် အခွံ ၂၀ ခုဖြင့် ထည့်သွင်းသိုဝှက် သယ်ဆောင်လာသော ရောင်စုံဆပ်ပြာခွက် ၁၀ ခွက်အတွင်း ပလပ်စတစ် အကြည်ဖြင့် ထုတ်ထားသည့် ၁ ထုပ်လျှင် ဘိန်းဖြူ ဖြူ/ လိမ္မော် ရောင်အမှုန့်အလေးချိန် ၁၀ ဂရမ်ခန့်စီပါ ၁၀ ထုပ်၊ စုစုပေါင်းအလေးချိန် ၁၀၀ ဂရမ်ခန့်၊ တွေ့ရှိ၍ လုံခြုံရေးအဖွဲဝင်များက ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဖမ်းဆီးရမိသူအား လဝကအက်ဥပဒေပုဒ်မဖြင့် ဆက်လက်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)