ထားဝယ်မြို့တွင်ဆေးဝါးဖြန့်ဖြူးရောင်းချသူများနှင့် ဆေးဆိုင်ပိုင်ရှင်များအား ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်နှင့်အညီရောင်းချနိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့တွင်ဆေးဝါးဖြန့်ဖြူးရောင်းချသူများနှင့် ဆေးဆိုင်ပိုင်ရှင်များအား ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်နှင့်အညီရောင်းချနိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ





MNP ၊ မတ် ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ထားဝယ်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကဆေးရုံပိုင်ရှင်များ၊ ဆေးဝါးလက်လီလက်ကားရောင်းချလျက်ရှိသော ဆေးဝါးဖြန့်ဖြူးရောင်းချသူများနှင့် ဆေးဆိုင်ပိုင်ရှင်များအားကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်အညီ ရောင်းချနိုင်ရေး သာမန်/အထူးထိန်းချုပ်ဆေးဝါးများ စနစ်တကျရောင်းချနိုင်ရေးတို့အတွက် အသိပညာပေး ဟောပြောပွဲကို   ယနေ့နံနက် ၁၀ နာရီအချိန်က တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


ဟောပြောပွဲတွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်ငွေစံက ဆေးဆိုင်ရောင်းချသူများအနေဖြင့် ရောင်းချသောဆေးဝါးပစ္စည်းများသည်လိုင်စင်ရှိရမည်ဖြစ်ကြောင်း၊ ဆေး ဆိုင်ပိုင်ရှင်များသည် သတ်မှတ်ထား သည့် ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်အညီ မိမိ၏ဆေးဆိုင်များတွင် ဆေးဝါးများထားသို ပုံနည်းစနစ်များကောင်းမွန်ရန်လိုအပ်ပြီး  စပ်ဆေးများမရောင်းချရန်လိုအပ်ကြောင်း၊ ဆရာဝန်ညွှန်ကြားချက်ပါသောဆေးဝါးများကိုသာရောင်းချရန်လိုအပ်ကြောင်း၊ အထူးသဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အတွက် ဆေးဆိုင်များတွင် စပ်ဆေးများမရောင်းချရန်နှင့်လွယ်လင့်တကူ မရောင်းချရန် လိုအပ်ကြောင်းပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ယာယီတာဝန်ခံ ဦးဇော်ဝင်းမောင်က ဆေးဆိုင်အတွင်းထားရှိရမည့် နေရာထိုင် အခင်းအကျင်း၊ ဆေးဝါးများရောင်းချသည့် အခါတွင် သတ်မှတ်ချက်အတိုင်းထားသိုပုံနည်းစနစ်များ၊ ပစ္စည်းကိရိယာများစနစ်တကျထားရှိလိုအပ်ကြောင်း၊ ဆေးဝါးပစ္စည်းများ သိုလှောင်ရာတွင်လည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတ်မှတ်ထား သော ညွှန်ကြားချက်အတိုင်းထားရှိရန်၊ ဆေးဝါးအတုနှင့် မြန်မာနိုင်ငံမှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများနှင့်အညွှန်းအမှတ်တံဆိပ်မရှိသောဆေးဝါးများမရောင်းချရန်လိုအပ်ကြောင်း။ သက်တမ်းလွန် ဆေးဝါးပစ္စည်းများမရောင်းချရန် လိုအပ်ကြောင်းရှင်းလင်းဆွေးနွေးပြောကြားသည်။


ဆက်လက်၍ ထားဝယ်မြို့‌‌ပေါ်ရှိ ဆေးဆိုင်လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းဆွေနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေ ကြားခဲ့ကြောင်း သိရသည်။


ငွေဇင်ယော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)