ဘီးလင်းမြို့နယ်၌(၄၆)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာ​မေးပွဲ ပထမနေ့စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်၌(၄၆)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာ​မေးပွဲ ပထမနေ့စတင်ဖြေဆို




MNP ၊ မတ် ၂၈

 မွန်ပြည်နယ်   ဘီးလင်းမြို့နယ်တွင်   နိုင်ငံတော် အစိုးရမှ    နှစ်စဉ်ကြီးမှူး ကျင်းပသော   ( ၄၆ )  ကြိမ်မြောက်   ပါဠိပထမပြန်     စာမေးပွဲကို   ယနေ့  နေလယ် ၁၂ နာရီက ဘီးလင်းမြို့နယ် ငြိမ်းချမ်းရိပ်မြုံ စမ္မာစရိယစာသင် တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


 ဘီးလင်းမြို့နယ်တွင် ပါဠိပထမပြန် စာမေးပွဲ ပထမကြီးတန်း၌ စာရင်းရှိ ( ၃၂ ) ပါး၊ဝင်ရောက်ဖြေဆိုသူ (၃၁) ပါး ၊ ပျက်ကွက် (၁) ပါး၊ပထမလတ် တန်း၌ စာရင်းရှိ  (၃၃) ပါး၊ ဝင်ရောက်ဖြေဆိုသူ (၂၈) ပါး၊ ပျက်ကွက် (၅) ပါး၊ ပထမငယ်တန်း၌ စာရင်းရှိ ( ၉၀ ) ပါး ဝင်ရောက်ဖြေဆိုသူ (၈၇) ပါး ပျက်ကွက် (၃) ပါး၊ မူလတန်းအခြေပြု၌ စာရင်းရှိ ( ၁၄၀ )ပါး ဝင်ရောက် ဖြေဆိုသူ   (၁၂၀ )  ပါး၊   ပျက်ကွက်  ( ၂၀ )  ပါး   စုစုပေါင်း    ဝင်ရောက် ဖြေဆိုသည့်  စာဖြေသံဃာနှင့်  သီလရှင်  ဆရာလေး  (၂၆၆ )  ပါး တို့က ဘာသာရပ်အလိုက်ဝင်ရောက်​ ဖြေဆိုခဲ့ကြသည်။


 အဆိုပါ   စာဖြေ သံဃာတော်များနှင့်  သီလရှင်ဆရာလေးများအား ဌာန ဆိုင်ရာများက အချိုရည်များ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုအဖြစ်   ဘီးလင်းမြို့နယ်  မိခင်နှင့် ကလေး ကျန်းမာရေး ဌာနမှ ဆရာမ ဒေါ်ခင်ခင်မြင့်နှင့် ဝန်ထမ်းများက တာဝန်ယူဆောင်ရွက် ပေး လျှက်ရှိကြောင်းသိရသည်။


ထူးနောင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)