နောစာပေသင်တန်း ပူတာအိုမြို့၌ လီဆူမျိုးနွယ်၀င် နောလူမျိုးစုများ စာ‌ပေရက်တိုသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောစာပေသင်တန်း ပူတာအိုမြို့၌ လီဆူမျိုးနွယ်၀င် နောလူမျိုးစုများ စာ‌ပေရက်တိုသင်တန်း ဖွင့်လှစ်


MNP ၊ မတ် ၂၇

ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့၌ လီဆူမျိုးနွယ်ဝင် နောလူမျိုးစုများ စာပေရက်တိုသင်တန်းကို မတ် ၂၇ ရက် နံနက် ၉ ခွဲက ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်ရှိ နောစာပေကော်မတီရုံးသံလွင်ခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ နောစာပေကော်မတီဥက္ကဋ္ဌ ဦးခင်ဖန်ယာကုက နွေရာသီအားလပ်ရက်များတွင် ကလေးငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချပြီး မိမိတို့နောလူမျိုးများ၏ စာပေ၊ ဘာသာစကားများ မပျောက်ပျက်အောင် ထိန်းသိမ်းတတ်စေရန် ရည်ရွယ်ပြီးစာ‌ပေ ရက်တိုသင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် ယခုသင်တန်းမှ ပို့ချပေးမည့် ဘာသာရပ်များအား ကောင်းကောင်းမွန်မွန် သင်ယူမှတ်သားစေလိုကြောင်း ရှင်းလင်းပြောကြားသည်။


ယင်းနောက် သင်တန်းနည်းပြဆရာ ဦးညဲဝူ၊ နည်းပြဆရာဦးဆီးဆာနှင့် နည်းပြဆရာ ဦးခင်ဖန်၀မ်းဖုန်တို့က သင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များနှင့် နည်းပြဆရာ/မများအား တစ်ဦးချင်း မိတ်ဆက်ရှင်းလင်းသည်။


ထို့နောက် တက်ရောက်လာကြသည့် သင်တန်းသူသင်တန်းသားများအား အငယ်တန်း၊ အကြီးတန်းနှစ်ခန်းခွဲပြီး သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ ၂၇ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့ထိ (၅)ရက်ကြာဖွင့်လှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ ပူတာအိုမြို့နယ်၊ မချမ်းဘော့မြို့နယ်များမှ နောလူမျိုးစုများ သင်တန်းသူ၊ သင်တန်းသား (၁၀၀)ဦးခန့် တက်ရောက်သင်ယူနေကြောင်း သိရသည်။


နောယော်ဘော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)