MNP ၊ မတ် ၃၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နန်းကွေ့ရပ်ကွက်အမှတ်(၅)နယ်မြေရှိ ဓမ္မပါရဂူ ရေဦးဘုန်းတော်ကြီးကျောင်း၌ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။
တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က သံဃာတော် ၅၀ ပါးနှင့် ဒေသခံပြည်သူ ၅၀ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက် ပေး ကြရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment