ဂွမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ





MNP   -   ဖေဖော်ဝါရီ           ၂၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများတက်ရောက်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ဌာနဆိုင်ရာများအနေဖြင့် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ ယနေ့ဂွမြို့နယ်သို့ ရောက်ရှိမည်ဖြစ်ပြီး နောက်နေ့နံနက်(၈)နာရီတွင်ကြိုဆိုရမည့်အစီအစဉ်ရှိပြီး သိမ်ကုန်းသာသနဗိမ္မာန်တွင် ဆေးကုသရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာများမှ စာရင်းကောက်ခံချက်အရ မျက်စိ၊ နား/နှာခေါင်း/လည်ချောင်း၊ မီးယပ်၊ မီးဖွားနိုင်သည့်လူနာ၊ အထွေထွေ၊ ခွဲစိတ်၊ သွား၊ အရိုး၊ ကလေးအထူးကုစသည့် ရောဂါ(၉)မျိုးခန့်အား ကုသရန် လူနာဦးရေ (၂၀၀)ခန့်ရှိကြောင်း၊ ဆေးကုသပေးမည့်ရက်မှာ မတ်လ(၁)ရက်မှ မတ်လ(၃)ရက်နေ့ထိ လျာထားကြောင်း၊ ခွဲစိတ်လူနာများကို ကမ်းထိုးယာဥ်ဖြင့် သင်္ဘောဆီသို့ ခေါ်ဆောင်ကာ ခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ(၃)ရက်အတွင်း လာရောက်မည့် လူနာရှင်များနှင့် ကူညီဆောင်ရွက်ပေးမည့်အဖွဲ့အား လိုအပ်သည့် အာဟာရများအား လှူဒါန်းပါက လှူဒါန်းနိုင်ကြောင်းနှင့် တပ်မတော်ရေ၊ မြို့နယ်ထွေ/အုပ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ထို(၃)ရက်အတွင်း စားသောက်ဖွယ်ရာများအား လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ၊ ဌာနဆိုင်များအနေဖြင့် အဆိုပါရက်များအတွင်း လုပ်ငန်းများအောင်အောင်မြင်မြင်နှင့်အဆင်ပြေချောမွေ့စေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မတ်လ(၅)ရက်နေ့ တပေါင်းလပြည့်နေ့တွင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူလူထုများ ပါဝင်လောင်းလှူနိုင်ရေး၊ မတ်လ(၈)နေ့မှစ၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာန(၃)ခုတွင် တာဝန်ကျဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ အနေဖြင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊  ဆက်လက်ပြီး အစိုးရပါဠိပထမပြန် စာမေးပွဲကိုလည်း ယခင်နှစ်များနည်းတူ အောင်အောင်မြင်မြင်နဲ့ ပြီးစီးသွားအောင် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ အိမ်ခြံမြေနဲ့ အဖိုးတန်သတ္တုဆိုင်ရာ ကိစ္စရပ်များဆိုင်ရာ မြို့နယ်အတွင်း လုပ်ငန်းရှင်များ၊ အကျိုးတော်ဆောင်များအား ယခင်ကအစည်းအဝေး ခေါ်ယူထားပြီးဖြစ်သည့်အတွက် ညွှန်ကြားချက်များအရ သတ်မှတ်ထားသည့် ညွှန်ကြားချက်နှင့်အညီ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အဖိုးတန်သတ္တု ရောင်းဝယ်သူများအနေဖြင့်လည်း မြို့နယ်မှတ်ပုံတင်ရေးရုံးတွင် အသိအမှတ်ပြုလက်မှတ်ရရှိနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးများ အနေဖြင့်လည်း အဆိုပါလုပ်ငန်း လုပ်ကိုင်မည့် ကာယကံရှင်များအား တရားဝင်အသိပေး ပြောကြားပေးစေလိုကြောင်း၊ နောက်ဆုံးအချက်အနေဖြင့် ပွဲလမ်းသဘင် ကျင်းပရေးနှင့်ပတ်သက်၍ သုံးပတ်ကြိုတင် ခွင့်ပြုချက် ရယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက မိမိတို့ လုပ်ငန်းတာဝန်များ၊ ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ကျေးရွာများမှ ဆောင်ရွက်ချက်  တင်ပြမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)