MNP - မတ် ၂
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ (၃၁)ဘုံဆုတောင်းပြည့်စေတီ တော်မြတ်ကြီး၏ (၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၃၆)ကြိမ်မြောက် အသံမစဲမဟာ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါ စေတီတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ခိုင်မိုး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တက်ရောက်ကြည်ညိုခဲ့ကြသည်။
ရှေးဦးစွာ ဧည့်ပရိသတ်များက (၃၁)ဘုံ ဆုတောင်းပြည့်စေတီကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသီဟဗလထံမှ ငါးပါးသီလခံယူဆောက်ခဲ့ကြသည်။
ဆက်လက်၍ အစီအစဉ်အရ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များအား ပင့်ဆောင်ခြင်းတို့ကို ဆောင်ရွက်ပြီး ပဌာန်းပစ္စယုဒ္ဒေသ(၂၄)ပစ္စည်းကို သံပြိုင်ရွတ်ဆို၍ ဖွင့်လှစ်ပေးခဲ့သည်။
အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်းလဆန်း(၁၁)နေ့မှ တပေါင်းလပြည့်နေအထိ (၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment