မြေပုံမြို့၌ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများသို့စားသုံးဆီ လက်လီရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပုံမြို့၌ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများသို့စားသုံးဆီ လက်လီရောင်းချပေးလျက်ရှိ


MNP ၊ မတ် ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ပြည်သူများသို့စားသုံးဆီ လက်လီအရောင်းဈေးကားဖြင့် ယ‌နေ့နံနက်(၇)နာရီမှ(၉)နာရီအထိ သဲတန်းရပ်ကွက် မြို့မဘောလုံးကွင်းအရှေ့ဘက်ရှိ လမ်းမကြီး၌ ဖြန့်ဝေရောင်းချပေးသည်။


မြောက်ဦးခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးသာထွန်းက ပြည်သူများသို့ စားသုံးဆီလက်လီဖြန့်ဝေနေမှုအား စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစံ ညွန့်က စစ်ဆေးအတည်ပြုလျက် မြေပုံမြို့၌ စားသုံးဆီလက်လီရောင်းချမည့် နေရာ(၄)ခုသတ်မှတ်ကာ မတ်လ(၂၉)ရက်မှ ဧပြီလ(၁)ရက်နေ့အထိ အိမ်ထောင်စု(၁)စုလျှင် စားအုန်း ဆီ(၁)ပိသာစီကို ငွေကျပ်(၅၂၀၀/-)နှုန်းဖြင့် ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။        


တင်ဝင်း

 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)