စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနိုင်းအစည်းအဝေး ၁/၂၀၂၃ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနိုင်းအစည်းအဝေး ၁/၂၀၂၃ တက်ရောက်


MNP ၊ မတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနိုင်းအစည်းအဝေး ၁/၂၀၂၃ ကိုမတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်၏အဖိုးတန် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကိစ္စရပ်များနှင့် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများအား အိမ်ရှင်နိုင်ငံအဖြစ်ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည့်အတွက် နိုင်ငံတကာအဆင့်မီ လူငယ်လူရွယ်များ ဖြစ်လာစေရန် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လူငယ်ရေးရာကော်မတီ အဖွဲ့ဝင်များအနေဖြင့် လူငယ်ကိုယ်စားလှယ်၊ အမျိုးသမီးငယ်ရွယ် ကိုယ်စားလှယ်၊ မသန်စွမ်းလူငယ်ကိုယ်စားလှယ်နှင့် အမျိုးသား/အမျိုးသမီး ကင်းထောက်ကိုယ်စားလှယ်များ ထည့်သွင်းဖွဲ့ စည်းပေးထားပါကြောင်း၊

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျောင်းနေအရွယ် လူငယ်လူရွယ်များသာမကဘဲ ပညာဆက်လက်သင်ယူနိုင်ခြင်းမရှိသည့် ကျောင်းပြင်ပနေလူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းများပိုမိုရရှိစေရန် အသက်မွေးဝမ်းကျောင်း သင်တန်းများအားဖွင့်လှစ်ခြင်းနှင့် အားကစား သင်တန်းများအပါအဝင် ကဏ္ဍအလိုက် လူငယ်ဘက်စုံဖွံ့ဖြိုးရေးသင်တန်းများအား ဖွင့်လှစ်ပေးသွားရန် လူငယ်ရေးရာဗဟိုကော်မတီမှ ညွှန်ကြားထားပါကြောင်း၊ လက်ရှိအချိန်တွင်  အမျိုးသား နှင့်အမျိုးသမီးများပါ တက်ရောက်နိုင်သည့် Fancy လက်မှု အလှဆင်သင်တန်းများလည်း တိုင်းဒေသကြီး အားကစားကွင်းတွင် ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊

နွေရာသီ အားကစားသင်တန်းများအား ခရိုင်များနှင့်မြို့နယ်များတွင် ဖွင့်လှစ်ပေးရန် ညွှန်ကြားထားသည့်အတွက် တချို့ခရိုင်များနှင့် မြို့နယ်များတွင် ဖွင့်လှစ်လျက်ရှိပြီး တိုင်းဒေသကြီး အားကစားကွင်းအတွင်းတွင် အားကစားနည်း ၁၂ မျိုးကိုဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ သင်တန်းသား/သင်တန်းသူ ၄၀၀ ဦးခန့် တက်ရောက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊       မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များ အပြည့်အဝ အကောင်အထည်ဖော်ဆောင်နိုင်ရေး၊ တိုင်းဒေသကြီးအဆင့်ထိ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နိုင်ရေးတို့အတွက် နည်းလမ်းများ၊ လိုအပ်ချက်များ အား တက်ရောက်လာကြသူများမှ အကြံပြုဆွေးနွေးပေးနိုင်ရေးနှင့် ယခုအစည်းအဝေးမှဆွေး နွေးချက်၊ ဆုံးဖြတ်ချက်များအား မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီသို့ တင်ပြဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က ကော်မတီ၏လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြကာ တွဲဖက်အတွင်းရေးမှူး၊ တိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လိူင်မိုးမြတ်က ကော်မတီလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ကော်မတီဝင်များက ကော်မတီ၏ လုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း ခဲ့ကြောင်းသိရသည်။     


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)