MNP - မတ် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်း များ အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရာ မက်မန်းမြို့၊ မင်းရန်အောင်လမ်း ကွန်ကရစ်ခင်းကျင်းလုပ်ငန်းအား မက်မန်း ဗလကုမ္ပဏီက ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် မက်မန်းမြို့၊ မင်းရန်အောင်လမ်း အကျယ် (၁၂)ပေ၊ အရှည်ပေ (၄၇၀)ပေအား ကွန်ကရစ်လမ်းအဆင့် ခင်းခြင်းလုပ်ငန်းကို မက်မန်းဗလကုမ္ပဏီမှ တာဝန်ယူဆောင် ရွက်လျက်ရှိသည်။ မက်မန်းမြို့နယ်အတွင်း လမ်း/တံတားများ ကောင်းမွန်ရေအတွက် နှစ်စဉ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာတွင် မင်းရန်အောင်လမ်း ကွန်ကရစ်ခင်းကျင်းလုပ်ငန်းကို ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၃၂၀)ဖြင့် သတ်မှတ်ရက်အတွင်း ပြီးစီးနိုင်ရေးဦ စက်၊ ယာဉ်၊ လူအင်အားများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စောဥမ္မာ
https://t.me/MyanmarNationalPost
No comments:
Post a Comment