MNP - မတ် ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြည်သူများအတွက် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးကြပ်၍ တပ်ကုန်းမြို့မဈေးအတွင်း စစ်ဆေး ခြင်းနှင့် ပညာပေးလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီခွဲက တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ လိုက်ပါ၍ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စားသုံးရေးရာ ဦးစီးဌာနမှ ဒုတိယတိုင်း ဦးစီးမှူး ဦးခင်မောင်ဆွေ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ရုံးချုပ်)မှ ဦးစီးမှူး ဦးတက်နေထွန်း၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းညွန့်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒေါ်နုယဉ်ဝင်းနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးတို့မှ တာဝန်ရှိသူများ၊ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများသည် တပ်ကုန်းမြို့မဈေးအတွင်းရှိ သား/ငါးဆိုင်ခန်းများ၊ ကုန်စိမ်းဆိုင်ခန်းများနှင့် ကုန်ခြောက်ဆိုင်ခန်းများတွင် ကျန်းမာရေး နှင့် ညီညွတ်သည့် အစားအသောက်များ ရောင်းချရေး၊ သစ်သီးဝလံများတွင် ဆိုးဆေးနှင့် ကြာရှည်ခံ ပစ္စည်းများ အသုံးမပြုရေး၊ သက်တမ်းလွန်ပစ္စည်းများ ရောင်းချမှု မရှိစေရေး၊ သတ်မှတ်ချက်များနှင့် အညီ စနစ်တကျ မှတ်ပုံတင်ထားရှိရေးနှင့် အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းစေရေးအလေးထားကြရန် အသိပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment