ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲဆက်လက်ဖြေဆို





MNP ၊ မတ် ၂၉

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့နယ်တွင် သီရိမင်္ဂလာသာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်သည်။


ပါဠိပထမပြန်စာမေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့က စာဖြေသံဃာတော်များ၏ ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီဆောင်ရွက်ပေးသည်။ အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း (၉)ပါး၊ ပထမလတ် တန်း(၁၃)ပါး၊ ပထမငယ်တန်း(၄၉)ပါး၊ အခြေပြုမူလတန်း(၁၅၄)ပါး စုစုပေါင်းရဟန်း၊ သာမဏေနှင့် သီလရှင် (၂၂၅)ပါးတို့က ကစ္စည်းသဒ္ဒါကြီးဘာသာရပ်ကို  ဆက်လက်ဖြေဆိုလျက်ရှိပြီး ပါဠိပထမပြန်စာမေးပွဲကို မတ်လ(၂၈)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)