မြောက်ဦးမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ





MNP ၊ မတ် ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွား ဘဝ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ သမဝါယမကဏ္ဍတို့တွင် ထုတ်ကုန်များ တိုးချဲ့ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ရန် ပုံငွေလွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင် က ကျေးလက် နေပြည် သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအ ဖွဲ့မှ အရင်းမပျောက် မတည်ရန်ပုံငွေများအား ထုတ်ပေးခြင်းဖြစ်ပြီး မတည်ရန်ပုံငွေဖြင့် စိုက်ပျိုး ရေး၊ မွေးမြူရေး၊ သမဝါယမကဏ္ဍများကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြော ကြား ခဲ့သည်။


ထို့နောက် အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် မြောင်းဘွေကျေးရွာ ၊ လောင်းကြက်ကျေးရွာ ၊ ပန်းမော်ကျေးရွာ များအား တစ်ရွာလျှင် ငွေကျပ်သိန်း (၆၀၀) နှုန်းဖြင့် ကျေးရွာ(၃)ရွာအတွက် စုစုပေါင်းငွေကျပ်သိန် (၁၈၀၀) ကျပ်ကို ကျေးရွာအလိုက် စိုက်ပျိုး ရေးကဏ္ဍမြစိမ်းရောင်အသင်း တာဝန်ရှိသူတို့က လက်ခံရယူကြပြီး သမဝါယမကဏ္ဍတွင် မောင်ရွှီကန်ကျေးရွာ၊ ရွှေအားမာန် မွေးမြူရေးသမ ဝါယမအသင်း မှ အသင်းသား ၃၅ ဦးတို့အတွက် တစ်ဦးလျှင် ၄ သိန်း ကျပ် နှုန်းဖြင့်  သိန်း (၁၄၀) တို့အားတာဝန်ရှိသူများက အသီးသီးလွဲပြောင်းပေးအပ်ခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ ၊စိုက်ပျိုးရေးဦးစီးဦးစီးဌာနမှ ဦးစီးမှူး၊  ဌာနဆိုင်ရာများ ၊ ရန်ပုံငွေဖြင့် အကောင် အထည်ဖော် ဆောင် ရွက် ကြမည့် ကျေးရွာများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)