ရေနံချောင်းမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေနံချောင်းမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို




MNP ၊ မတ် ၂၈

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက ရေနံချောင်းမြို့ မြို့မမြောက်ရပ်ကွက်ရုံးရပ်ရှိ သဒ္ဓသုခီ ရာပြည့်သာသနာ့ဗိမာန်တော်ကြီး၌ စတင်ဖြေဆိုလျက်ရှိသည်။


ရေနံချောင်းမြို့နယ်၌ အစိုးရပါဠိပထမပြန်စမေးပွဲ စတင်ဖြေဆိုသည့်နေ့တွင် အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်းနှင့် ပထမကြီးတန်းတို့တွင် စာရင်းသွင်း ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် လူပုဂ္ဂိုလ် ၁ ဦးအပါ ၁၁၀ ပါးအနက် ၁၀၀ ပါး ဝင်ရောက်ဖြေဆိုတော်မူပြီး ပျက်ကွက် ၁၀ ပါးရှိကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။


အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ် ၂၈ ရက်နေ့မှ ဧပြီ ၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာတော်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ဩဝါဒစရိယ ဆရာတော်များ၊ မြို့နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးဆောင်ဆရာတော်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စာမေးပွဲကြီးကြပ်ရေး အဖွဲ့များ၊ မြို့နယ်သံဃဝေယျာဝစ္စအဖွဲ့များက ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။


စာမေးပွဲကျင်းပနေစဉ် စာဖြေသံဃာတော်များအား ရပ်ကွက်အလိုက် နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် ဌာနဆိုင်ရာအဖွဲ့အလိုက်  အချိုရည်ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)