မိုင်းပျဉ်းမြို့တွင် နားဇရက်မူလတန်းကြိုကျောင်း၏ ကျောင်းဆင်းပွဲနှင့် ဂုဏ်ပြုလွှာပေးအပ်ပွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပျဉ်းမြို့တွင် နားဇရက်မူလတန်းကြိုကျောင်း၏ ကျောင်းဆင်းပွဲနှင့် ဂုဏ်ပြုလွှာပေးအပ်ပွဲ


MNP ၊ မတ် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ နားဇရက်မူလတန်းကြိုကျောင်း၏ ကျောင်းဆင်းပွဲနှင့် ဂုဏ်ပြုလွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အဆိုပါ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားပထမပိုင်း အစီအစဉ်အရ နားဇရက်မူကြိုကျောင်းမှ မူကြိုလေးများက မူကြိုတေးကဗျာဖြင့် အဖွင့်သီချင်း သီဆိုဖျော်ဖြေ၍ အခမ်းအနားကိုဖွင့်လှစ်ပါသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စုစုရီ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းနှင့် နားဇရက်မူကြိုကျောင်း ကျောင်းအုပ် စစ္စတာရ်ကြီးတို့က အမှာစကား များ အသီးသီးပြောကြားခဲ့ကြသည်။ ဆက်လက်၍ မူကြိုကျောင်းဆင်း ကလေးငယ်များအား တာဝန်ရှိသူများက ကျောင်းပြီးဆုံးကြောင်း ဂုဏ်ပြုလွှာများပေးအပ်ကာ တက်ရောက်လာကြ သော ဧည့်သည်တော်များနှင့် ကျောင်းကော်မတီ အဖွဲ့ဝင်များစုပေါင်း၍ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။


နားဇရက် မူလတန်းကြိုကျောင်း၏ ကျောင်းဆင်းပွဲနှင့် ဂုဏ်ပြုလွှာပေးအပ်ပွဲ အခမ်းအနား ဒုတိယပိုင်းတွင် မူကြိုကလေးငယ်များ၏ အကဒေသာများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ တာဝန်ခံကျောင်းအုပ်ကြီးနှင့် မူကြိုဆရာမများ၊ မူကြိုသားငယ်/သမီးငယ်များ၊ ကလေးမိဘများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


နန်းသန္တာဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)