MNP ၊ မတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က မဟာသင်္ကြန်စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ခေါ်ယူညှိနှိုင်းဆွေးနွေး ရခြင်းဖြစ်ကြောင်း၊ သာစည်မြို့ပေါ်တွင် ဗဟိုမဏ္ဍပ်တစ်ခုဆောက်လုပ်ပြီး သင်္ကြန် အကြို၊ အကျ၊ အကြတ်နှင့် အတက်နေ့များတွင် ယိမ်းအဖွဲ့များဖြင့် ဖျော်ဖြေနိုင်ရေး၊ စတုဒီသာကျွေးမွေးနိုင်ရေး၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ကုသိုလ်ကောင်းမှုများနှင့် ဇီဝိတဒါနငါးလွှတ်ပွဲပြုလုပ်ခြင်းများကို ဆောင်ရွက် သွားမည်ဖြစ်ရာ တက်ရောက်လာသည့် တာဝန်ရှိသူများက ဝိုင်းဝန်းပေါင်းစပ် ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးတေဇာမြင့်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းသွင်ဦးနှင့်အဖွဲ့ဝင် ဦးစိုးဝင်းအောင် တို့က မဏ္ဍပ်တည်ဆောက်မည့်နေရာနှင့် တည်ဆောက်ရေးအတွက် လိုအပ်ချက်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက် လာသူများက မဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ပေးမည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment